Untitled design (24).png

Red Rose Campaign

ဖြစ်ပေါ်လာပုံ

ဆေးတက္ကသိုလ်(၁)ကျောင်းသားသမဂ္ဂနှင့် အမျိုးသားသွေးဌာနတို့ပူးပေါင်း၍ COVID-19 ကပ်ရောဂါကာလကြောင့် ယခင်နှစ်ကထက် ထက်ဝက်ခန့်လျော့ကျသွားသော သွေးလှူရှင်အရေအတွက်ကို ပြန်လည်မြင့်တက်လာစေလိုသည့်ရည်ရွယ်ချက်ဖြင့် Red Rose Campaign ကိုစတင်တည်ထောင်ခဲ့ပါသည်။ စေတနာသွေးလှူရှင်များ၏ လုံခြုံစိတ်ချမှုကိုဦးစားပေးလိုသည့်အတွက် Red Rose Campaign မှ မြန်မာနိုင်ငံတွင် Online booking စနစ်ဖြင့် သွေးလှူဒါန်းသည့်အလေ့အထကိုတွင်ကျယ်လာစေရန် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မျှဝေပေးနေပါသည်။ ထို့အပြင် Red Rose Campaign မှတစ်ဆင့် လာရောက်လှူဒါန်းသည့် စေတနာသွေးလှူရှင်တစ်ဦးချင်စီတိုင်းကို ချစ်ခင်လေးစားဂုဏ်ပြုလိုသည့်အနေဖြင့် နှင်းဆီနီတစ်ပွင့်၊ ဂုဏ်ပြုလွှာတစ်စောင် နှင့် လက်သန့်ဆေးရည်တစ်ဘူးကိုလည်းပေးအပ်လျက်ရှိသည်။

 

Red Rose Campaign မှတစ်ဆင့်

 

အရေးပေါ်သွေးလှူရှင်အဖြစ် စာရင်းသွင်းရန်

Enlist as an emergency blood donor for the people.

သွေးလှူဖို့ online booking တင်ရန်

Whole Blood Donation

သွေးရည်ကြည်လှူဒါန်းရန်

Plasma Donation

White Room

Red Rose Campaign ၏ ရည်ရွယ်ချက်

Our Areas of Focus

COVID-19 ကာလနှင့် COVID လွန်ကာလများတွင် မိဘပြည်သူအပေါင်းအား သွေးလှူဒါန်းခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများအား မျှဝေပြီး awareness တိုးပွားလာစေရန် ရည်ရွယ်ပါသည်။

 

သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ သိလိုသည်များကို တိုက်ရိုက်မေးမြန်းလိုလျှင် live chat တွင်မေးမြန်းနိုင်ပါသည်။

1 (6).png

သွေးလှူရှင်များအတွက်

  1. သွေးလှူရန် စာရင်းပေးသွင်းရာတွင် online မှတစ်ဆင့် အဆင်ပြေစွာ စာရင်းပေးသွင်းနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း။​

  2. Online-Booking မှတစ်ဆင့်စာရင်းပေးပြီး လာရောက်လှူဒါန်းသော သွေးလှူရှင်များကို ဂုဏ်ပြုရန် နှင်းဆီပန်းတစ်ပွင့်နှင့် ဂုဏ်ပြုလွှာများပေးအပ်သော အစီအစဉ်။