Follow us on our Red Rose journey through a multimedia experience!

  

ကျွန်ုပ်တို့၏ Red Rose ခရီးစဥ်ကိုအရောင်အသွေးစုံလင်သောပုံရိပ်များမှတဆင့် လိုက်ပါစီးမျောဖို့ သင့်အားဖိတ်ခေါ်ပါတယ်။

 

Plasma Donation Vlog

အားလုံးပဲမင်္ဂလာပါ။ 


COVID-19 ရောဂါကနေ သက်သာပျောက်ကင်းသွားသူတွေရဲ့ သွေးရည်ကြည်ကိုအသုံးပြုပြီး COVID-19 ရောဂါပြန်လည်သက်သာအောင် ကုသတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ “သွေးရည်ကြည်ကုထုံး”အတွက် ယခုအချိန်မှာ သွေးရည်ကြည်လှူဒါန်းပေးမယ့် စေတနာ့အလှူရှင်အများအပြား လိုအပ်လျက်ရှိပါတယ်။


သင်ဟာ COVID-19 ရောဂါဖြစ်ပွါးထားသူတစ်ဦးဆိုရင် သင်ရဲ့သွေးရည်ကြည်ကို အမှတ်စဉ်(၅)၊ ဇီဝကလမ်းမှာရှိတဲ့ ဆေးသုတေသနဦးစီးဌာနမှာ သွားရောက်လှူဒါန်းပြီး COVID-19 ရောဂါကို ပြန်လည်ခုခံတိုက်ဖျက်တဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီပေးလို့ရပါတယ်။ သင်လှူဒါန်းလိုက်တဲ့ သွေးရည်ကြည်ကနေတစ်ဆင့် လူ့အသက်တွေကို ကယ်တင်ပေးနိုင်မှာဖြစ်ပါတယ်။


ယခု vlog style နဲ့ရိုက်ကူးထားတဲ့ ဗီဒီယို လေးမှာဆိုရင်-

(၁) သွေးရည်ကြည်ကုထုံး(Convalescent Plasma Therapy) ဆိုတာဘာလဲ? 

(၂) ဘယ်လိုအချက်တွေနဲ့ကိုက်ညီမှ သွေးရည်ကြည်လှူလို့ရမလဲ? ဘယ်လိုစာရင်းပေးသွင်းရမလဲ?

(၃) သွေးရည်ကြည်လှူဒါန်းမှုရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကဘာတွေလဲ?

စတဲ့မေးခွန်းတွေရဲ့အဖြေကို ပြည့်စုံစွာ တင်ဆက်ပြသပေးထားတာဖြစ်လို့ ဒီဗီဒီယိုလေးကိုကြည့်ရှုပြီး သွေးရည်ကြည်ကုထုံးအကြောင်း ပိုပြီးသိရှိနားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။


ဤ သွေးရည်ကြည်ကုထုံး(Convalescent Plasma Therapy) vlog ဗီဒီယိုလေးမှာ စေတနာထက်သန်စွာဖြင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့တဲ့ "ကို Ratul Prasad" နှင့် ဗီဒီယိုရိုက်ကူးတင်ဆက်ခြင်း၊ တည်းဖြတ်ခြင်းတို့ကို အစအဆုံးတာဝန်ယူလုပ်ဆောင်ပေးခဲ့တဲ့ “Do Something Plz” တို့ကို Red Rose Campaign မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။


သွေးရည်ကြည်လှူဒါန်းလိုပါက -  https://www.ccpmm.org တွင် စာရင်းပေးသွင်း၍ လှူဒါန်းနိုင်ပါသည်။


"သင့်အတွက်သွေးတစ်စက်၊ သူ့အတွက်ဘဝတစ်သက်"

"A drop of blood for you, a hope of a lifetime for them”

#RedRoseCampaign

 

Donor Appreciation

Red Rose Campaign အလှူရှင်အချို့

ကပ်ရောဂါကာလာအတွင်း သွေးလှူခြင်းကဲ့သို့သော မွန်မြတ်သောဒါနကိုပြုခဲ့တဲ့ သွေးအလှူရှင်အားလုံးကို Red Rose Campaign မှဂုဏ်ပြုသောအနေဖြင့် အလှူရှင်အချို့၏မှတ်တမ်းဓါတ်ပုံများကို တင်ပြအပ်ပါသည်။

 
 

NBC Photos

သွေးလှူဘဏ်၏တစ်နေ့တာပုံရိပ်

 
 

Red Rose Videos