သွေးလှူဒါန်းခြင်းနှင့် ပတ်သက်သော မေးခွန်းနှင့်အဖြေများ

Frequently Asked Questions[FAQ]

သွေးလှူဒါန်းခြင်းနှင့်ပတ်သက်ပြီး မိဘပြည်သူများထံမှ မေးလေ့မေးထရှိသော မေးခွန်းများနှင့် မေးခွန်းတစ်ခုချင်းစီ၏ အဖြေများကို အောက်ပါအမေးအဖြေကဏ္ဍတွင် စုစုစည်းစည်း ဖော်ပြပေးထားပါသည်။

 

ရင်သားကင်ဆာရောဂါဖြစ်ဖူးပြီး ရောဂါအမြစ်ပြတ်ကုသပျောက်ကင်းသွားပါက သွေးလှူလို့ရနိုင်ပါသလား?

သွေးလှူရှင် နှင့် သွေးလက်ခံသူ နှစ်ဦး နှစ်ဖက်လုံးအတွက် အန္တရာယ်ကင်းစေရန် သွေးလှူမည့်သူသည် ၅ နှစ်အတွင်း ကင်ဆာရောဂါရှိဖူးသူ မဖြစ်ရပါ။ ထို့အပြင် သွေးကင်ဆာရောဂါရှင်များသည်လည်း ကုသပြီး ရောဂါ ပျောက်ကင်းသွားပါက သွေးလှူ၍ မရပါ။

ဖုန်းဆက်ပြီး booking လုပ်လို့ရနိုင်ပါသလား?

မနက်(၈)နာရီ မှ ညနေ(၄)နာရီ အထိတွင်လည်း

-Booking ယူပြီး၍သော်လည်းကောင်း

-Booking မယူဘဲ(Work In)လာရောက်ခြင်းဖြင့်သော်လည်းကောင်း

-Private Room ကိုBooking ယူပြီး၍သော်လည်းကောင်း လှူဒါန်းနိုင်ပါသည်။ နေ့စဉ် ညနေ(၅)နာရီမှည(၇)နာရီ အတွင်းလှူဒါန်းလိုသော သွေးလှူရှင်များအတွက် ဖုန်းဘိုကင်ဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ကြိုတင်ချိန်းဆိုမှုပြုလုပ်ပြီး လှူဒါန်းနိုင်ပါသည်။

  • 09965452884

  • 09952506371

  • 09250016079

  • 095079175

သွေးတိုး၊ ဆီးချိုရောဂါရှိလျှင် သွေးလှူလို့ရပါသလား?

သွေးပေါင်ချိန် အတက်အကျ ပုံမှန်မဟုတ်ခြင်း၊ မိမိရောဂါအား နည်းစနစ်မှန်ကန်စွာ ကုသမှုခံယူခြင်းမရှိပါက သွေးလှူဒါန်းခွင့်မပြုပါ။ မိမိ ရောဂါအခြေအနေကို ကောင်းစွာ ထိန်းကျောင်းနိုင်သော အနေအထားတွင် ရှိပြီး ကျန်းမာရေးကောင်းမွန်ပါက သွေးလှူဒါန်းနိုင်ပါတယ်။

လှူလိုက်တဲ့သွေးမှာရောဂါပိုးရှိနေလျှင် ဘယ်လိုဆက်လက်လုပ် ဆောင်ပါသလဲ? သွေးလှူရှင်ကို အကြောင်းကြားပေးပါသလား?

လှူဒါန်းလိုက်တဲ့ သွေးမှာရောဂါပိုးတွေ့ရှိပါက ထိုသွေးကို လူနာအတွက် အသုံးမပြုပါ။ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ waste disposal guideline (စွန့်ပစ်နည်း လမ်းညွှန်ချက်) နှင့်အညီရောဂါပိုးရှိသောသွေးကို စနစ်တကျ စွန့်ပစ်ပါတယ်။ ထိုသွေးပိုင်ရှင်ကိုလည်း နောက်တစ်ကြိမ် လာရောက်လှူဒါန်းချိန်တွင် ရောဂါပိုးတွေ့ရှိကြောင်း အသိပေးပါတယ်။

သွေးလှူဖို့ ဘာအထောက်အထားတွေလိုအပ်ပါသလဲ?

သွေးလှူဒါန်းဖို့ ကျန်းမာရေးထောက်ခံချက် နှင့် ဆေးမှတ်တမ်းများ ယူဆောင်လာရန် မလိုအပ်ပါ။ သွေးမလှူခင် ဖြည့်စွက်ရန် form တွင် မိမိ၏အမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ သွေးအမျိုးအစားနှင့် အခြားရောဂါရာဇ၀င်ရှိ/မရှိကို မခြွင်းမချန်ပဲ မှန်ကန်စွာဖြည့်စွက်ပေးလျှင် ရပါပြီ။

သွေးတွင်း Hemoglobin အရေအတွက် နည်းနေပါက အာဟာရရှိအောင်စားပြီး ကျန်းမာရေး လိုက်စားလျှင် Hemoglobin အရေအတွက် ပြန်တက်လာနိုင်ပါသလား? ဒီလိုဆို သွေးပြန်လှူနိုင်ပါသလား?

ကျန်းမာရေးနဲ့ အညီနေထိုင်စားသောက်မယ်ဆိုရင်တော့ Hemoglobin အရေအတွက် ပြန်များလာနိုင်ပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပြီး သူကခွင့်ပြုရင်လည်း ပြန်လည်သွေးလှူဒါန်းနိုင်ပါတယ်။

သွေးလှူမယ်ဆိုရင် ဘယ်နေရာမှာလှူရမှာလဲ? ဘယ်အချိန်အတွင်း လှူလို့ရလဲ?

သွေးလှူမယ်ဆိုရင်

နေရာ - အမျိုးသားသွေးလှူဘဏ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ ရန်ကုန်မြို့။

အချိန် - နေ့စဉ် မနက် ၇:၃၀ မှ ညနေ ၇:၃၀အတွင်း လှူနိုင်ပါတယ်။

သွေးလှူဖို့ online booking ဘယ်လိုလုပ်ရမလဲ?

“www.donatebloodmyanmar.org” ဆိုတဲ့ website ကနေ အဆင့် (၃) ဆင့်တည်းနဲ့ online booking လုပ်နိုင်ပါတယ်။ 

Online Booking ဖြင့် စာရင်းပေးသွင်းနည်း အဆင့်ဆင့် -

http://bit.do/rrconlinebookingprocedure

သွေးလှူဖို့ လိုအပ်တဲ့အချက်တွေက ဘာတွေလဲ?

သွေးလှူဒါန်းလိုသူများသည် အခြေခံအားဖြင့်

၁။ အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်း ကျန်းမာပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်ချနိုင်သူ၊ မိမိဆန္ဒအလျောက် လာရောက်လှူဒါန်းသူဖြစ်ရပါမယ်။ 

၂။ အမျိုးသားဆိုရင် အနည်းဆုံး ပေါင် ၁၁၀၊  အမျိုးသမီးဆိုရင် ပေါင် ၁၀၀ အနည်းဆုံးရှိသူ ဖြစ်ရပါမယ်။


ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးယူရန် ဆုံးဖြတ်ထားသူများအနေနှင့်လည်း သွေးလှူခြင်းသည်းခံပေးပါရှင်။

သွေးလှူဒါန်းခြင်းနှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုသော မေးခွန်းများရှိပါက Red Rose Campaign ၏ Facebook Page (သို့) Website ၏ Live Chat မှတစ်ဆင့် မေးမြန်းနိုင်ပါသည်။