Digital Art Competition

ရည်ရွယ်ချက်

ယခုအခါ COVID-19 ဒုတိယလှိုင်းတွင် သွေးလှူရှင်များပိုမိုလိုအပ်လာရာ မိဘပြည်သူလူထုအား သွေးလှူဒါန်းရန်၊ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ awareness ပိုမိုတိုးပွားလာစေရန် လှုံ့ဆော်လိုသည့် ရည်ရွယ်ချက်ဖြင့် Red Rose Campaign မှ ကြီးမှူး၍ Digital Art Competition တစ်ခုကို ကျင်းပခဲ့ပါသည်။

IMG_0976.jpg
 
 
 

DAC live အစီအစဉ်

Red Rose Campaign မှ ကျင်းပခဲ့သော"Digital Art Competition" ကို ကမ္ဘာတစ်ဝန်းလုံးမှ မြန်မာလူမျိုး၊ မည်သူမဆို အသက်အရွယ်အပိုင်းအခြားမရွေး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး ပြိုင်ပွဲဝင် ၁၅၉ဦးတို့မှ မိမိတို့၏ အနုပညာလက်ရာများကို ပြည်သူလူထုအား ချပြနိုင်ခဲ့ပါသည်။

ဒီဇင်ဘာ ၂၈ ရက် (တနင်္လာနေ့) ၂၀၂၀ ခုနှစ်၊ ည ၇:၀၀ နာရီတွင် Red Rose Campaign Facebook Page မှ အနိုင်ရရှိသူများနှင့် Top 10 Finalists များကို Digital Art Competition ၏ အကဲဖြတ်ဒိုင်သုံးယောက်ဖြစ်သော ၁။ ကိုဉာဏ်ကျယ်စေ(Pencell Studio ၏ Co-founder and director) ၂။ ကိုအောင်သီဟန်(Aung Thi Han's Art Page)နှင့် ၃။ မငြိမ်းစု(Art Village ၏ Founder and Director) တို့မှ live အစီအစဉ်ဖြင့် ထုတ်လွှင့်ကြေငြာ ခဲ့ပါသည်။ Live တွင် အကဲဖြတ်ဒိုင်များမှ Top 10 ပန်းချီများကို ဆွေးနွေးပေးခြင်း၊ ပန်းချီပညာနှင့် ပတ်သက်သော experience များကို မျှဝေပေးခြင်း၊ live တွင် မေးမြန်းလာသော မေးခွန်းများအား ဖြေကြားပေးကာ live Q&A session ပြုလုပ်ပေးခြင်း စသည့်တို့ပါဝင်ခဲ့ပါသည်။

unnamed.jpg
 

Digital Art Competition တွင်ဆုရရှိခဲ့သူများ

140_edited.jpg

ပထမဆု

ပြိုင်ပွဲဝင်အမည် - Htar Ei Lwin
ပြိုင်ပွဲဝင် နံပါတ် - 140
ပန်းချီရေးဆွဲရခြင်း၏ရည်ရွယ်ချက် - The people on the edge represent those requiring blood to continue their life (pregnant woman, injured people longing for emergency blood transfusion, thalassemic kids, etc.) Medical stuffs are trying their best to make changes to dying people life while one drop of blood of the donors matters to change dying people's fate.

ဆုလက်ဆောင်များ
ဆုကြေးငွေ ၁၅၀,၀၀၀ ကျပ်၊ အမျိုးသားသွေးဌာန နှင့် ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ အသိအမှတ်ပြု ဂုဏ်ပြုလွှာ၊ Red Rose Campaign ၏ ပညာပေး Comic Project တွင် ပင်တိုင် Artist အဖြစ် ပါဝင်နိုင်မည့် အခွင့်အရေး၊ Wall Street English Myanmar တွင် ၃၀၀,၀၀၀ ကျပ်တန် English Class (2 months course) ကို အခမဲ့တက်ရောက်ခွင့်၊ Art Village Myanmar တွင် တစ်လလျှင် ၅၀,၀၀၀-၁၀၀,၀၀၀ ကျပ်တန် Art Class ကို ၆ လစာ အခမဲ့တက်ရောက်ခွင့်၊ My Art Shop မှ art supplies များဝယ်ယူရန် ၃၀,၀၀၀ ကျပ်တန် ဈေးဝယ်ကူပွန်၊ Gémeaux Advertising Design School Myanmar တွင် ၃၅၀,၀၀၀ ကျပ်တန် Basic Graphic Design (3 months course) တစ်ခုကို အခမဲ့တက်ရောက်ခွင့်။

113_edited.jpg

ဒုတိယဆု

ပြိုင်ပွဲဝင်အမည် - Soe Htet Aung
ပြိုင်ပွဲဝင် နံပါတ် - 113
ပန်းချီရေးဆွဲရခြင်း၏ရည်ရွယ်ချက် - This competition conveys a beautiful message and it resonated with me. I have seen firsthand how hopeless one feels when a loved one needs blood but is forced to wait due to lack of compactable donors. This inspires me to help encourage others to consider donating blood too.

ဆုလက်ဆောင်များ

ဆုကြေးငွေ ၁၀၀,၀၀၀ ကျပ်၊ Art Village Myanmar မှ ၅၀,၀၀၀-၁၀၀,၀၀၀ ကျပ်တန် Art Classes များကို ၆ လ (၅၀% discount)၊ My Art Shop မှ art supplies များဝယ်ယူရန် ၁၀,၀၀၀ ကျပ်တန်ကူပွန်၊ Red Rose Campaign ၏ ပညာပေး Comic Project တွင် ပင်တိုင် Artist အဖြစ် ပါဝင်နိုင်မည့် အခွင့်အရေး၊ အမျိုးသားသွေးဌာန နှင့် ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ အသိအမှတ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုလွှာ။



တတိယဆု

ပြိုင်ပွဲဝင်အမည် - Soe Htet Aung

ပြိုင်ပွဲဝင် နံပါတ် - 140

ဆုလက်ဆောင်များ
ဆုကြေးငွေ ၅၀,၀၀၀ ကျပ်၊ Art Village Myanmar မှ ၅၀,၀၀၀-၁၀၀,၀၀၀ ကျပ်တန်၊ Art Classes များကို ၆ လ (၅၀% discount) My Art Shop မှ art supplies များဝယ်ယူရန် ၁၀,၀၀၀ ကျပ်တန်ကူပွန်၊ Red Rose Campaign ၏ ပညာပေး Comic Project တွင် ပင်တိုင် Artist အဖြစ် ပါဝင်နိုင်မည့် အခွင့်အရေး၊အမျိုးသားသွေးဌာန နှင့် ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ အသိအမှတ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုလွှာ။

125_edited.jpg

Popularity choice award

ပြိုင်ပွဲဝင်အမည် - Thadar Htet
ပြိုင်ပွဲဝင် နံပါတ် - 125
ပန်းချီရေးဆွဲရခြင်း၏ရည်ရွယ်ချက် - Hospitals are always in need of transplants and donations. In such cases, doing what we can help is our duty. Doves carrying blood bags express the act of blood-gifting; which brings hope, healing and life to those in need.

ဆုလက်ဆောင်များ
ဆုကြေးငွေ ၅၀,၀၀၀ ကျပ်၊ Art Village Myanmar မှ ၅၀,၀၀၀-၁၀၀,၀၀၀ ကျပ်တန် Art Classes များကို ၆ လ (၅၀% discount)၊ My Art Shop မှ art supplies များဝယ်ယူရန် ၁၀,၀၀၀ ကျပ်တန်ကူပွန်၊ Red Rose Campaign ၏ ပညာပေး Comic Project တွင် ပင်တိုင် Artist အဖြစ် ပါဝင်နိုင်မည့် အခွင့်အရေး၊
အမျိုးသားသွေးဌာန နှင့် ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ အသိအမှတ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုလွှာ။

 

Top 10 Art works

artwork display for DAC live.png
1.png
2.png
10.png
9.png
3.png
8.png
5.png
7.png
6.png
 

Upcoming comic project

ရည်ရွယ်ချက်

Digital Art Competition ၏ နောက်ဆက်တွဲ project အဖြစ် အမျိုးသားသွေးဌာနနှင့် ပူးပေါင်း၍ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကလေးငယ်များနှင့် လူငယ်များဆီသို့ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်သည့် ပညာပေးကာတွန်းစာစောင်များကို တရားဝင်သင်ထောက်ကူပစ္စည်းအဖြစ် ဖြန့်ဝေပေးရန် စီစဉ်နေပါသည်။
ထိုသို့ဖြန့်ဝေကာ မွန်မြတ်သောသွေးလှူဒါန်းခြင်းကြောင့်အသက်ပေါင်းမြောက်မြားစွာကို မည်ကဲ့သို့ကယ်တင်၍ရကြောင်း အသိပညာမျှဝေပေးရန်ဖြစ်ပါသည်။ ထို့အပြင်ကျောင်းသူကျောင်းသားများအားအသက်(၁၈)ပြည့်ပြီးသောအခါသွေးလှူ၍လူ့အသက်ကယ်တင်ရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။
Digital Art Competition တွင်ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်popularity choice ဆုရှင်များသည် comic project၏ ပင်တိုင် အနုပညာရှင်များအဖြစ်ပါဝင်ကာ comic designဆွဲပေးသွားမည်ဖြစ်ပါသည်။