Gift Shop ရဲ့ ရည်ရွယ်ချက်

Red Rose Campaign မှ ရှေ့လျှောက်အကောင်ထည်ဖော်သွားမယ့် စေတနာပရဟိတလုပ်ငန်းတွေအတွက် ရန်ပုံငွေထူထောင်လိုသောရည်ရွယ်ချက်ဖြင့် “Gift Shop” ကို စတင်ခဲ့တာဖြစ်ပါတယ်။
ဒီ Gift Shop လေးကနေရလာတဲ့ အမြတ်ငွေ ၁၀၀% ကို အောက်ပါပရဟိတလုပ်ငန်းတွေဖြစ်တဲ့-
၁) သွေးရောဂါခံစားနေရပြီး ပုံမှန်သွေးသွင်းကုသမှုခံယူရန်လိုအပ်သော လူနာများနှင့် ကလေးငယ်များအတွက် လှူဒါန်းခြင်း၊
၂) မိဘပြည်သူများကို စေတနာသွေးလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေပြုလုပ်ခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်း စတဲ့နေရာတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒါ့ကြောင့် Red Rose Campaign မှာ သင် (သို့) သင်ချစ်ခင်ရတဲ့ လူတစ်ယောက်အတွက် gift set လေးလည်းဝယ်ရင်း၊ အလှူငွေလည်းထည့်ရင်း မိမိကိုယ်ကို အချိန်ပေးပြီး ချစ်တတ်ဖို့၊ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ရည်မှန်းချက်အသစ်တွေချမှတ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံးရှေ့ဆက်နိုင်ဖို့ ရည်ရွယ်ပြီး စေတနာ၊ မေတ္တာအပြည့်နဲ့ ထုတ်လုပ်ပေးထားပါတယ်။ “Gift Set” လေးတွေက ကိုယ့်အတွက်လည်းအသုံးဝင်ပြီး သူတစ်ပါးရဲ့ဘဝကိုပါ ကောင်းကျိုးပြုထောက်ပံ့ပေးနိုင်မှာမို့ ဒီအခွင့်အရေးလေးကို လက်လွတ်မခံဘဲ တစ်နိုင်တစ်ပိုင် ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

Read More