Preparing for Blood Test

​သွေးရည်ကြည်အလှုရှင်များ၏

ရင်တွင်းစကားသံများ

 
IMG_9465.JPG

သွေးရည်ကြည်အလှူရှင်များ၏ စကားသံ Part (1)


Plasma Program ကိုတွေ့တော့ ကိုယ်လဲ COVID ဖြစ်ပြီးတဲ့ အခါမှာ အလှူလေးတစ်ခုလုပ်ချင်တာနဲ့ လှူဖို့စဥ်းစားဖြစ်သွားတာပါတစ်မိသားစုလုံး COVID ဖြစ်ပြီးတော့ ညီမသွေးရည်ကြည်လှူဖို့ကို မိသားစုနဲ့တိုင်ပင်တယ် သွေးစစ်၊ ရက်ချိန်းယူပြီး အကိုနဲ့ အတူတူလာလှူဖြစ်တယ်။ အဖေက လူကြီးဆိုတော့ ရောင်ယမ်းနေတာလေးတွေလဲမကျသေးဘူး သွေးစစ်တော့ လိုအပ်တာလေးတွေရှိနေလို့ လှူခွင့်မရသေးလို့ အကိုနဲ့ နှစ်ယောက်ပဲလာလှူဖြစ်ခဲ့တာပါ။


ဆက်လက်ဖတ်ရှုရန်

 
male-profile-avatar-with-brown-hair-vect

သွေးရည်ကြည်အလှူရှင်များ၏ စကားသံ Part (2)

​ COVID ဖြစ်ပြီး ​ဖောင်ကြီးကပြန်လာချိန် ၁လ​လောက်အကြာမှာ ​သွေးရည်ကြည်လှူ​တော့ Facebook ​ပေါ်တင်ပါတယ်။ COVID ဖြစ်ပြီး ၁လအကြာမှာ ​သွေးရည်ကြည်လှူလို့ရပါတယ်ဆို​တော့ စုံစမ်းပြီးလာလှူဖြစ်တာပါ။ 

​​အဓိက​တော့လှူဒါန်း​စေချင်တယ်အားလုံးကို။ (ငို​သံဖြင့်) ဦး​လေး​တို့ကဒီဒုက္ခကို ကိုယ်တိုင်ခံစားလာ​တော့​လေ အခက်အခဲ​တွေအများကြီးကြုံခဲ့ရတယ်။ အရမ်းအ​ခြေအ​နေဆိုးတဲ့လူ​တွေကိုမြင်ပြီး ကိုယ့်မိဘ​တွေများဖြစ်သွားမလားလို့စိုးရိမ်ခဲ့ရတယ်။ 


ဆက်လက်ဖတ်ရှုရန်





​​

 
IMG_9476.JPG

သွေးရည်ကြည်အလှူရှင်များ၏ စကားသံ Part (3)

ကျွန်တော်တို့ ဘဏ်က အစ်မတစ်ယောက်က အကြံပေးတာပါ။ ဒီလိုမျိုး သွေးရည်ကြည်လှူဖို့ Page တွေရှိတယ် တစ်ချက်စုံစမ်းကြည့်ဆိုလို့ အကြံပေးရင်းသိခဲ့ရတာပါ။ 

Quarantine Center မှာကျွန်တော်နေခဲ့ရတယ် အဖြစ်တွေ၊ မသက်သာတာတွေမြင်တော့ အခုလိုမျိုး COVID ဖြစ်နေတဲ့သူကို သွေးရည်ကြည်လှူပြီး သက်သာအောင်လုပ်လို့ရတယ်ဆိုလို လာလှူဖြစ်သွားတာပါ။ 

ဆက်လက်ဖတ်ရှုရန်

 
male-profile-avatar-with-brown-hair-vect

သွေးရည်ကြည်အလှူရှင်များ၏ စကားသံ Part (4)

​​Facebook post တစ်ခုမှာ COVID positive ဖြစ်သွားရင်​သွေးရည်ကြည်ကုထုံးအတွက်ပြန်လှူလို့ရတယ်ဆိုတာ​တွေ့ပါတယ်။ ဖုန်းနံပါတ်၂လုံး​ပေးထား​တော့ဆက်လိုက်ပြီး ​ရောက်လာတာပါ။ 

​မလှူခင်က​တော့ result ​စောင့်တာ​ပေါ့။ result သိပြီးမှ ​​သွေးလှူရမယ်ဆို​တော့ ပိုဂရုစိုက်တယ်။ အိပ်​ရေးဝဝအိပ်တယ်။ ​နောက်ပြီး​တော့အား​ဆေး​တွေပို​သောက်ဖြစ်တယ်။ ဖုန်းဆက်​တော့ချက်ချင်းလာလှူဖြစ်လိုက်တယ်။ 


ဆက်လက်ဖတ်ရှုရန်​