ခြင်တပ်မတော်စွမ်းအား

သင့်ကိုယ်ထဲက သွေးတွေ ကုန်အောင်စုပ်ဖို့ ခြင်ဘယ်နှကောင် လိုလဲ သိပါသလား?


သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးတွေအားလုံးကို စုပ်ယူနိုင်ဖို့အတွက်ဆိုရင် ခြင်ပေါင်း ၁.၂ မီလီယံ လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးဟာ ၅ လီတာ / ၅ မီလီယံ မိုက်ခရိုလီတာ ခန့်ရှိပါတယ်။ သွေးတွေကို လိုအပ်တဲ့ ခြင်မ တွေဟာ တစ်ခါစုပ်ယူရင် ၅ မိုက်ခရိုလီတာခန့် စုပ်ယူလေ့ရှိပါတယ်။ ဒီ ပမာဏ က မုန်ညင်းစေ့ တစ်စေ့စာ ခန့်ရှိပါတယ်။ ဒါဆို ကျွန်တော်တို့ တွက်ကြည့်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲက သွေးတွေအားလုံးကိုစုပ်ယူဖို့ အတွက် အကြမ်းဖျင်းအားဖြင့် ခြင်ပေါင်း ၁ မီလီယံ ခန့်လိုအပ်မှာဘဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ လက်တွေ့မှာတော့ တကယ်ဖြစ်မလာနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခြင်တွေက သင့်ရဲ့သွေးတွေအားလုံးကို စုပ်ယူလို့မပြီးခင်မှာဘဲ သင်ဟာ shock ( သွေးပေါင်အလွန်အမင်းကျဆင်းခြင်း ) ရပြီး ကိုယ်တွင်းအင်္ဂါ တော်တော်များများ ယိုယွင်းပျက်စီးသွားမှာ မို့လို့ပါ။

ခြင်တွေက ကျွန်တော်တို့ရဲ့ သွေးကို စုပ်ယူစားသုံး ရုံသာမက သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ၊ ငှက်ဖျား စတဲ့ ရောဂါမျိုးစုံကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ သွေးလွန်တုပ်ကွေး စတဲ့ ရောဂါတွေ ပြင်းထန်လာမယ် ဆိုရင် သွေးသွင်းဖို့ လိုအပ်လာပြန်ပါတယ်။ သွေးကို ထုတ်လုပ်လို့လဲ မရသလို အလွယ်တကူဝယ်ယူသုံးစွဲလို့လဲမရတာမို့ စေတနာသွေးလှူရှင်တွေကိုသာ အားကိုးရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကိုယ်တိုင် အချိန် ၁၅ မိနစ်ခန့်သာပေးပြီး သွေးလှူလိုက်မယ်ဆိုရင် အသက်သုံးသက်အထိ ကယ်တင်နိုင်မှာပဲ ဖြစ်ပါတယ်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - https://www.donatebloodmyanmar.org/booking


#RedRoseCampaign



0 views0 comments