ဆရာဝန်၊ သူနာပြု မဟုတ်ပေမယ့် လူ့အသက်ကို ကယ်နိုင်တယ် ဆိုတာ သင်သိပါသလား??

ဆရာဝန်၊ သူနာပြု မဟုတ်ပေမယ့် လူ့အသက်ကို ကယ်နိုင်တယ် ဆိုတာ သင်သိပါသလား??


ဒီမေးခွန်းကိုကြားရင် “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?” လို့တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ အားလုံးသိကြတဲ့အတိုင်း လူတွေရဲ့အသက်ကို ကယ်တင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မှ မဟုတ်တာ။


ဆရာဝန်တစ်ယောက်က သူရဲ့ တန်ဖိုးရှိတဲ့ အချိန် နဲ့ အင်အားတွေကို ၇ နှစ်လုံး အစွမ်းကုန် ပေးဆပ်ခဲ့ပြီးမှ လူ့အသက်ကို ကယ်ခွင့်ရှိတာ။ သင်က လူ ၃ ယောက် အသက်ကို ၁၅ မိနစ်အတွင်း သွေးလှူရုံနဲ့ ကယ်ခွင့်ရှိတယ်ဆိုရင်ရော??


COVID-19 ဒုတိယလှိုင်းမှာ သွေးလှူရှင်တွေ ပုံမှန်ထက် အများကြီး ပိုမိုလိုအပ်လာပါတယ်။ သင့်ရဲ့သွေးစက်တွေနဲ့ တစ်ခြားလူတစ်ယောက်ကို ရှင်သန်ခွင့်ပေးလိုက်ပါ။ အသက် ၁၈ နှစ် နဲ့ အထက် ရှိသူတွေအားလုံးဟာ ကျန်းမာရေးဝန်ထမ်း တစ်ယောက်မဟုတ်လည်း လူ့အသက်ကိုကယ်တင်နိုင်ပါတယ်။


ဒါကြောင့် ၇ နှစ်မှ မဟုတ်ပါဘူး။


***၁၅ မိနစ်တည်းနဲ့လည်း လူ (၃) ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ပါတယ်။***


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။"


Online Booking စနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


Online Booking ဖြင့် စာရင်းပေးသွင်းနည်း အဆင့်ဆင့် - http://bit.do/rrconlinebookingprocedure


#RedRoseCampaign



0 views0 comments