မိသားစုလိုက် (သို့) ညနေ ၅-၇ နာရီအတွင်း လုံးဝ social distancing ပြုလုပ်ကာ သွေးလှူလို့ရပါပြီ။

အားလုံးပဲ မင်္ဂလာပါ။


အမျိုးသားသွေးဌာနမှ COVID-19 ကာလအတွင်းသွေးလှူလိုသည့် စေတနာသွေးလှူရှင် ညီအစ်ကိုမောင်နှမများအတွက်

၁။ မိသားစုလိုက် (သို့) အဖွဲ့လိုက် သီးသန့်သွေးလှူချင်၍ဖြစ်စေ၊ ၂။ ညနေ ၅ နာရီ မှ ၇ နာရီအတွင်း လုံးဝ social distancing ပြုလုပ်ကာ သီးသန့် သွေးလှူချင်၍ဖြစ်စေ၊ သွေးလှူရှင်များအတွက် ဤကဲ့သို့သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးထားပါတယ်။


ဒီလိုနည်းနဲ့ သွေးလှူချင်ရင်တော့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေက ‪1. 09965452884‬ ‪2. 09952506371‬ ‪3. 09250016079‬ ‪4. 095079175‬ တို့ပဲဖြစ်ပါတယ်။


အသေးစိတ်သိရှိလိုပါက အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - donatebloodmyanmar.org/booking


COVID-19 ကာလမှာ မိသားစုလိုက် (သို့) အဖွဲ့လိုက် သွေးလှူချင်ရင် သီးသန့်အခန်းမှာ ဖုန်းနှင့် ဘိုကင်တင်၍ လှူဒါန်းလို့ရပါတယ် ရှင်။


သီးသန့်အခန်းမှာ social distancing အပြည့်အဝယူပြီး လှူဒါန်းလို့ရမှာမလို့ မိသားစုလိုက် (သို့) အဖွဲ့လိုက်ကို ***အများဆုံး လူလေးယောက်*** ပဲလက်ခံမှာ ဖြစ်ပါတယ်။


ဒီ ဝန်ဆောင်မှုကို

ရက်စွဲ။ တနင်္လာနေ့ ကနေ သောကြာနေ့

အချိန်။ မနက် ၈ နာရီမှ ညနေ ၄ နာရီအထိပဲ

ရရှိနိုင်မှာဖြစ်ပါတယ်။


သီးသန့်အခန်းတွေက အခြားသွေးလှူရှင်များနှင့် ရောနှောခြင်း လုံးဝမရှိတဲ့အတွက်ကြောင့် ကိုယ့်အုပ်စုနဲ့ကိုယ် အေးအေးဆေးဆေး လာရောက်သွေးလှူဒါန်းနိုင်ပါတယ်။


ဒီလိုနည်းနဲ့ သွေးလှူချင်ရင်တော့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေက

‪1. 09965452884‬

‪2. 09952506371‬

‪3. 09250016079‬

‪4. 095079175‬ တို့ပဲဖြစ်ပါတယ်။


အသေးစိတ်သိရှိလိုပါက အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


https://www.facebook.com/236651386511930/posts/1753463014830752/?d=n


တစ်ယောက်တည်းသွေးလှူချင်တယ်ဆိုရင်တော့ အမျိုးသားသွေးဌာနမှာ နေ့စဉ် မနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း မိမိအဆင်ပြေတဲ့ နေ့နဲ့အချိန်ကို online မှတစ်ဆင့်စာရင်းပေး၍ လာရောက်လှူဒါန်းနိုင်ပါတယ်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - donatebloodmyanmar.org/booking


#RedRoseCampaign


နေ့စဉ် **ညနေ (၅) နာရီ မှ (၇) နာရီအတွင်း** သီးသန့် social distancing လုပ်ပြီး သွေးလှုလိုသူများအတွက် ဖုန်းဖြင့် ဘိုကင်တင်ပြီး သွေးလှူလို့ရပါတယ်ရှင်။


ကိုဗစ်ကာလအတွင်း အမျိုးသားသွေးဌာနက social distancing အပြည့်အဝယူလိုသောသူများ၊ နေ့လည်နေ့ခင်းမအားသော ဝန်ထမ်းများ၊ ရုံးတက်နေရသောသူများအတွက် ညနေပိုင်းတွင် အဆင်ပြေပြေဖြင့် သွေးလာရောက်လှူဒါန်းနိုင်အောင် စီစဉ်ပေးထားပါတယ်။


​ဒီ ဝန်ဆောင်မှုကို

ရက်စွဲ။ နေ့စဉ် (ပိတ်ရက်မရှိ)

အချိန်။ ညနေ ၅ နာရီမှ ၇ နာရီ

အထိ ရရှိနိုင်မှာဖြစ်ပါတယ်။


ထိုအချိန်အတွင်း သွေးလှူဒါန်းလိုပါက ကြိုတင်၍ ဖုန်းဘိုကင်တင်ပေးဖို့ လိုအပ်ပါတယ်။ ကြိုတင်ချိန်းဆိုမှုလုပ်ပြီးပါက ဆရာဝန်များမှ ကျန်းမာရေးစစ်ဆေးမှုများကို ဖုန်းခေါ်ဆို၍ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ သွေးလှူဒါန်းနိုင်သည့် ကျန်းမာရေးအခြေအနေများနဲ့ ကိုက်ညီပါက သွေးလာရောက်လှူဒါန်းရာတွင် အချိန်စောင့်ဆိုင်းစရာမလိုဘဲ အချက်အလက် ဖောင် ဖြည့်ကာ ချက်ချင်းလှူဒါန်းနိုင်ပါတယ်။


အမျိုးသားသွေးဌာန၏ ပြင်ပဝင်ပေါက်ကို ညနေ (၅) နာရီတွင်ပိတ်ထားမည်ဖြစ်ပြီး ကြိုတင်ဖုန်း

ဘိုကင်ယူထားသည့် သွေးလှူရှင်များသာ ဝင်ရောက်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။


ဒီလိုနည်းနဲ့ သွေးလှူချင်ရင်တော့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေက

‪1. 09965452884‬

‪2. 09952506371‬

‪3. 09250016079‬

‪4. 095079175‬ တို့ပဲဖြစ်ပါတယ်။


အသေးစိတ်သိရှိလိုပါက အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။


https://www.facebook.com/236651386511930/posts/1767075393469514/?d=n


​ဒါ့အပြင် အမျိုးသားသွေးဌာနမှာ နေ့စဉ် မနက် ၈ နာရီမှ ညနေ ၄ နာရီအတွင်း မိမိအဆင်ပြေတဲ့ နေ့နဲ့အချိန်ကို online မှတစ်ဆင့်စာရင်းပေး၍ လာရောက်လှူဒါန်းနိုင်ပါတယ်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - donatebloodmyanmar.org/booking


#RedRoseCampaign

0 views0 comments