သင်ကိုယ်တိုင်သွေးလှူဖို့ မလိုအပ်ဘူးလို့ စဉ်းစားမိတိုင်း ဒီစာကို ဖတ်ကြည့်ပါ။

“သင်ကိုယ်တိုင်သွေးလှူဖို့ မလိုအပ်ဘူးလို့ စဉ်းစားမိတိုင်း ဒီစာကို ဖတ်ကြည့်ပါ”

အားလုံးပဲ မင်္ဂလာပါ။

လူကြီးလူငယ်တချို့ အခုထိ သွေးမလှူဖူးသေးတာရှိမှာပါ။ ဒီတခါတော့ ဒီလူတွေ ဘာလို့သွေးမလှူဖြစ်တာလဲ ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးပြောပြပေးမှာပါ။

မပြောခင်လေး "Club 1%” ဆိုတဲ့အသုံးအနှုန်းလေးရှင်းပြပေးမယ်နော်။ "Club 1%” ဆိုတာ "စုစုပေါင်း သွေးအလှူရှင် အရေအတွက်" ကို ရည်ညွှန်းတဲ့ စကားစုတစ်ခုပါ။ ကမ္ဘာပေါ်မှာရှိတဲ့ စုစုပေါင်းလူဦးရေရဲ့ ၁ ရာခိုင်နှုန်းသော လူဦးရေကသာ သွေးလှူဒါန်းမှုပြုလို့ "Club 1%” လို့တင်စားတာဖြစ်ပါတယ်။

ဒါဆိုလူအများစုက ဘာလို့သွေးလှူဖို့ ဝန်လေးကြတာလဲ?

"အပ်ကြောက်လို့"၊ "အချိန်မပေးနိုင်လို့"၊ "သွေးအားနည်းမှာစိုးလို့" ဆိုတဲ့ အလားတူ အကြောင်းပြချက်လေးတွေ သွေးမလှူရသေးတဲ့သူတိုင်းမှာရှိကြမယ်ထင်ပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ သွေးလှူဖို့အကျုံးဝင်ပြီး မလှူရသေးတဲ့သူတိုင်း သွေးလှူဖို့ငြင်းပယ်ရာမှာ ပေးလေ့အရှိဆုံး အကြောင်းပြချက် (၁၀) ချက်ကို ပြောပြချင်ပါတယ်။ အခုလို အကြောင်းပြချက်တွေပေးလာတိုင်း ကိုယ့်ဘက်က အသင့်တော်ဆုံးအဖြေပြန်ပေးပြီး သွေးလှူချင်စိတ်ဖြစ်လာအောင် တိုက်တွန်းပေးကြဖို့လိုပါတယ်။

မိမိရဲ့သူငယ်ချင်း၊ မိသားစုဝင်တွေထဲကလည်း ဒီလိုအကြောင်းပြချက်တွေ ပေးနေမိတဲ့သူရှိရင် ဗဟုသုတရအောင် ဒီ post အောက်မှာ mention ပေးသွားဦးနော်။

ဒါမှမဟုတ် သင်ကိုယ်တိုင်ရော အောက်မှာဖော်ပြပေးသွားမယ့် ဆင်ခြေတွေပေးနေမိပြီလား? ဒါဆိုရင်တော့ ဒီစာလေးကို အဆုံးထိဖတ်ပေးဖို့ တောင်းဆိုပါရစေ။

အခြားမလှူဖြစ်တဲ့ အကြောင်းရှိရင်လည်း ပြန်လည်မျှဝေပေးသွားကြဖို့ပြောရင်း နိဂုံးချုပ်ပါရစေ။

Online Booking စနစ်ဖြင့်သွေးလှူလိုပါက- https://www.donatebloodmyanmar.org/booking

References: https://www.giveapint.org/…/what-are-the-top-10-excuses-fo…/


1️⃣ အပ်ကြောက်တယ်။


🏻‍⚕ ️သွေးစလှူတော့မယ်ဆိုရင် မလှူခင် ကိုယ့်သွေးအမျိုးအစားကိုစစ်ဆေးဖို့ လက်ထိပ်ဖောက်ရတဲ့အချိန်လေးမှာပဲ ပုရွက်ဆိတ်ကိုက်သလို စူးကနဲတစ်ချက်ဖြစ်ရုံပါပဲ။ နောက်ပြီး ကိုယ့်သွေးကိုလက်ခံဖို့ သွေးစဖောက်တဲ့အချိန်မှာဆိုလည်း အာရုံလွှဲထားပေးလို့ တော်ရုံတန်ရုံ ဘာမှတောင် မခံစားရဘူးဆိုတာ သွေးလှူဘူးသူတိုင်းသိပါတယ်။ သွေးလည်းလှူရ၊ ကြောက်စိတ်ကိုလည်း အနိုင်ယူပြီးသားဖြစ်တာမို့ ကိုယ့်အတွက်အရှုံးမရှိပါဘူးနော်။


2️⃣ လူတိုင်းနီးပါးလှူနေလို့ ကိုယ်တိုင်သွားလှူဖို့ မလိုအပ်ဘူး။


🏻‍⚕ ️၂ စက္ကန့်တိုင်းမှာ လူတစ်ယောက် သွေးလိုနေပြီး အမျိုးသားသွေးဌာနမှ ထုတ်ပြန်ချက်အရ နှစ်စဉ်သွေးအလှူရှင် ၁၈၀,၀၀၀ ဝန်းကျင်ခန့် လိုအပ်လျက်ရှိပါတယ်။ အခုလို COVID ကာလမှာဆို ဇန်နဝါရီလကနေ သြဂုတ်လအထိ သွေးအလှူရှင်ပေါင်း ၅ သောင်းကျော်သာ ရှိပါသေးတယ်။ ဒါဟာ အရင်နှစ်က ပမာဏနဲ့ နှိုင်းယှဉ်လိုက်ရင် ထက်ဝက်ခန့်လျော့နည်းသွားတာပါ။ သွေးလှူဖို့ အကျုံးဝင်တဲ့သူတွေထဲကမှ တစ်ကယ်တမ်းလှူတဲ့ရာခိုင်နှုန်းက အင်မတန်နည်းပါးလို့ သွေးလှူရှင်တစ်ယောက်ဆိုတစ်ယောက် တန်ဖိုးရှိလှပါတယ်။


3️⃣ ကိုယ့်သွေးက လူနာအများစုလိုအပ်လေ့ရှိတဲ့ သွေးအမျိုးအစားထဲမပါဘူး။


🏻‍⚕ ️ကိုယ့်သွေးအမျိုးအစားကို လိုအပ်တယ်၊ မလိုအပ်ဘူး ပုံသေသတ်မှတ်လို့မရပါဘူး။ ဆိုလိုရင်းက ကိုယ့်သွေးက ရှားပါးသွေးအုပ်စုထဲပါရင် လှူတဲ့သူနည်းမှာဖြစ်ပြီး ကိုယ်နဲ့သွေးအုပ်စုတူတဲ့သူများရင် ထိုသွေးအမျိုးအစားကို လိုအပ်တဲ့လူနာရှင်တွေ တိုးလာမှာမို့ သွေးအမျိုးအစားကိုမကြည့်ပဲ လှူဒါန်းနိုင်ရင် အကောင်းဆုံးပါ။ ဒါကြောင့် ကိုယ်တိုင် သွေးမလှူဘူးသေးတဲ့သူတွေကအစ လှူဒါန်းဘူးတဲ့ သူအဆုံး "သင့်အတွက်သွေးတစ်စက်၊ သူ့အတွက်ဘဝတစ်သက်" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မိမိသွေးတစ်စက်ဖြင့် အခြားသူတစ်ဦးရဲ့ အသက်ကယ်တင်နိုင်အောင် ဝိုင်းကူညီပေးကြပါ။


4️⃣ ရောဂါဖြစ်ဖူးလို့၊ ရောဂါအခံတစ်ခုခုရှိလို့ လှူလို့ရမှာမဟုတ်ဘူး။


🏻‍⚕ ️ရောဂါဖြစ်ဖူးတဲ့သူတိုင်း လှူလို့မရတာ မဟုတ်လို့ အမျိုးသားသွေးဌာနက တတ်သိနားလည်သူတွေစီမှာ ကိုယ့်ရဲ့ Medical History ကိုပြောပြပြီး စစ်ဆေးမှုအရင်ခံယူသင့်ပါတယ်။ ကိုယ့်ဘက်က အချိန်လေး နည်းနည်းပိုပေးလိုက်တာနဲ့ တစ်ဖက်က သွေးလှူရှင်ကို စောင့်ဆိုင်းနေရတဲ့ လူနာအရေအတွက်လည်း နည်းသွားနိုင်လို့ပါ။


5️⃣သွေးလှူတဲ့အပ်ကတစ်ဆင့် ရောဂါကူးမှာကြောက်တယ်။


🏻‍⚕ ️အမျိုးသားသွေးဌာနမှာ သွေးလာလှူလိုက်လို့ ရောဂါကူးတာမျိုး လုံးဝ(လုံးဝ) မရှိပါဘူး။ သုံးသမျှအပ်တိုင်းက ပိုးသတ်ထားပြီးသား (သို့) တစ်ခါသုံးအပ်တွေဖြစ်လို့ပါ။ အပိုဆုအနေနဲ့ အခမဲ့သွေးစစ်ပေးရင်းကတစ်ဆင့် မိမိကိုယ်တွင်းမှာ ရောဂါပိုးရှိ၊ မရှိကိုပါ သိနိုင်ပါသေးတယ်။


6️⃣ ကိုယ့်ခန္ဓာကိုယ်မှာ လှူစရာ သွေးအပိုပါမလာဘူး။ ⚕️ သွေးလှူလိုက်လို့ ခန္ဓာကိုယ်ထဲကသွေးတွေဟာ တစ်သက်လုံး ကုန်ဆုံးသွားမယ်လို့ထင်နေပါသလား? အဲ့လို ထင်နေရင်တော့ မဟုတ်ပါဘူးနော်။ ‍♂️ ခန္ဓာကိုယ်ထဲမှာအမြဲတမ်း သွေးအဟောင်းတွေကိုဖယ်ရှားပြီး ရိုးတွင်းခြင်ဆီ ကနေ သွေးအသစ် ထုတ်လုပ်ပေးပါတယ် ။ သွေးလှူပြီးရင် သင့်ခန္ဓာကိုယ်ဟာ ၄၈ နာရီအတွင်းမှာ ကုန်ဆုံးသွားတဲ့ သွေးလီတာ အလျောက် ပြန်လည် ထုတ်ပေးပါတယ်။ သွေးနီဥ ကိုတော့ ၈ ပတ်အတွင်း နဲ့ သွေးထဲက သံဓာတ်ပမာဏ ကိုတော့ ၁၂ ပတ်အတွင်း မူလအတိုင်းရောက်အောင် ပြန်ဖြည့်ပေးနိုင်စွမ်းရှိပါတယ်။ အဲ့ဒါကြောင့် သွေးဥမွှား ကို ၂ ပတ် ၁ ကြိမ်၊ သွေးရည်ကြည်ကို ၄ ပတ် ၁ ကြိမ်၊ သွေးနီဥကို ၁၆ ပတ် ၁ ကြိမ် လှူဒါန်းနိုင်ပါတယ်။

7️⃣ ကိုယ်ကိုယ်တိုင်က သွေးအားနည်းတတ်တော့ သွေးလှူဖို့အဆင်မပြေဘူး။


⚕️ သွေးမလှူခင် အရင်ဆုံး သွေးထဲက သံဓာတ်ပမာဏကိုစစ်ပေးပါတယ်။ သတ်မှတ်ထားတဲ့စံချိန်ကို မှီတယ်ဆိုရင်တော့ သင်ဟာ ဘာမှစိတ်ပူစရာမလိုပဲ သွေးလှူဒါန်းနိုင်ပါတယ်။


🏻‍⚕️ သွေးလှူပြီးလို့ အားနည်းပြီး ခေါင်းမူးတာမျိုး လူအနည်းစုမှာ ဖြစ်တတ်ပေမဲ့ သွေးအားနည်းရောဂါ သို့မဟုတ် သွေးနှင့်ပတ်သက်သောရောဂါတစ်မျိုးမျိုး ရသွားတယ်ဆိုတာမရှိပါဘူး လို့ပြောပါရစေ။ 🏻‍


သွေးလှူပြီးနောက် အမဲသား၊ ငါး၊ ကြက်သား၊ အစေ့အဆံ၊ တို့ဖူး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် စတာတွေကို စားသုံးပေးခြင်းဖြင့် သွေးထဲက သံဓာတ်ပမာဏကိုပြန်မြှင့်တင်လို့ရပါတယ်။ ဗီတာမင် စီကြွယ်ဝတဲ့ သံပုရာသီး၊ လိမ္မော်သီး၊သင်္ဘောသီး စားသုံးပေးရင်လည်း ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူမှုကိုမြင့်တက်စေပါတယ်။


8️⃣ အမျိုးသားသွေးဌာနသွားတိုင်း သွေးလှူမရလို့ အိမ်ပြန်ခိုင်းတာနဲ့ပဲကြုံပြီး ထပ်မသွားဖြစ်တော့ဘူး။


🏻‍⚕ ️ကျန်းမားရေးပြဿနာ ကြီးကြီးမားမားမဟုတ်ပဲ သွေးပေါင်ကျ (သို့) သွေးအားနည်းတာနဲ့ကြုံလို့ အိမ်ပြန်လာရလည်း နောက်တစ်ခေါက်ထပ်သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့အချိန် ၂၄ နာရီထဲက တစ်နာရီလောက်ထပ်ဖဲ့ပေးရုံနဲ့ သူ့အတွက် တစ်ဘဝစာ မျှော်လင့်ချက်ရောင်ခြည်သန်းအောင် ကူညီရာရောက်လို့ပါ။ ကိုယ်ဘာလို့ သွေးလှူလို့မရလဲဆိုတာကိုလည်း ဆရာဝန်နဲ့ သေချာတိုင်ပင်မေးမြန်းပြီး နောက်တစ်ခေါက်မှာ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်နေထိုင်မယ်၊ ဒီအတောအတွင်းလည်း ကိုယ့်ကိုကိုယ် သေချာဂရုစိုက်မယ်ဆို နောက်တစ်ကြိမ်သေချာပေါက် လှူဒါန်းခွင့်ရမှာပါ။


9️⃣ သွေးလှူပြီး ကိုယ်ခံအားအရမ်းနည်းသွားမှာစိုးရိမ်တယ်။


⚕️သွေးလှူပြီးရင် အမျိုးသားသွေးဌာနက သင့်ကို အိမ်တန်းပြန်မလွှတ်ပဲ သင့်အခြေအနေကို စောင့်ကြည့်ပေးပါတယ်။ ခဏနားနေစရာ lobby ရှိပြီး သင့်ရဲ့ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့သကြားဓာတ်ကို ပြန်လည်ဖြည့်ဆည်းပေးဖို့ အအေး နဲ့ အခြားမုန့်မျိုးစုံပါ ထားပေးထားပါတယ်။ ၁၅မိနစ်လောက် အနားယူခိုင်းပြီး အခြေအနေကောင်းမှ အိမ်ပြန်ခိုင်းလို့ သွေးလှူပြီးလို့ မူးမေ့လဲသွားမှာကို စိုးရိမ်စရာမလိုပါဘူး။ နောက်ပြီး သွေးလှူတာက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား (Immune system) ကို မထိခိုက်စေလို့ COVID-19 ကာလအတွင်း သွေးလာလှူပြီး ကိုယ်ခံအားကျဆင်းသွားမှာကို စိတ်ပူဖို့မလိုပါဘူးနော်။


အလုပ်အရမ်းများလို့ သွေးလှူဖို့အချိန် မရှိဘူး။


⚕️ အကယ်၍ သင့်မိသားစုဝင်တစ်ဦးဦး၊ သင်ချစ်ခင်ရသောသူတစ်ဦးဦး သွေးလိုအပ်ခဲ့ရင် သင့်ရဲ့ တစ်နာရီစာသောအချိန်ကိုပေးပြီး သွေးလှူမှာပါလား?


သင့်ရဲ့ တစ်နာရီစာအချိန်ဟာ လူ ၃ ယောက်အသက်ကို ကယ်တင်နိုင်ပါတယ်။ သွေးလှူချင်း ဟာ အချိန်တိုအတွင်းမှာ လူသားကောင်းကျိုးကို ထိရောက်စွာဆောင်ရွက်နိုင်သော အခွင့်အရေးပဲဖြစ်ပါတယ်။


#RedRoseCampaign