သင်သွေးလှူလို့ရပါသလား?

သွေးလှူခွင့် မရခဲ့ရင်တောင် တခြားနည်းလမ်းတွေနဲ့ ပါ၀င်ကူညီလို့ ရပါတယ်


ဒီမေးခွန်းရဲ့ အဖြေကို သိချင်ရင် အောက်က linkထဲ ဝင်ပြီးတော့ မိမိကိုယ်ကို ဆန်းစစ်ကြည့်ပါ။

Link: http://bit.ly/blooddonationfacts

အကယ်၍သင်ဟာ သွေးလှူဖို့ အခက်အခဲရှိပြီးတော့ သွေးလှူခွင့်မရခဲ့ဘူးဆိုရင်ရော?

စိတ်မပူပါနဲ့၊ အခြားနည်းလမ်းတွေနဲ့ တစ်ဖက်တစ်လမ်းကနေ ပါဝင်ကူညီလို့ရပါတယ်။

ဘယ်လိုနည်းလမ်းတွေလည်းဆိုတော့

၁။ သွေးလှူဒါန်းဖို့ အခြားသူတွေကို တိုက်တွန်းလို့ရပါတယ်။

၂။ သွေးလှူခြင်းနှင့် သက်ဆိုင်သော ဗဟုသုတ၊ အချက်အလက်များကို မျှဝေပေးခြင်း၊ သွေးလှူဒါန်းသည့် campaign များတွင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။

၃။လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်အားဖြည့်နိုင်ပါတယ်။

၄။စေတနာလုပ်အားရှင်(volunteer)အဖြစ် ပါဝင်ကူညီပေးနိုင်ပါတယ်။

၅။ငွေကြေးဖြင့်လည်း ကူညီပံ့ပိုးပေးလို့ ရပါတယ်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက -

https://www.donatebloodmyanmar.org/booking

"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။" "A drop of blood for you, a hope of a lifetime for them."


#RedRoseCampaign



၁။ သွေးလှူဒါန်းဖို့ အခြားသူတွေကို တိုက်တွန်းလို့ရပါတယ်။


မိမိ ကိုယ်တိုင်က သွေးလှူချင်ပေမဲ့ သွေးလှူခွင့်မရတဲ့ သူတွေက မိမိပတ်ဝန်းကျင်က သူတွေကို သွေးလှူဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဥပမာ၊ သွေးလှူတဲ့အခါ အပ်ကြောက်တတ်တဲ့ ကိုယ့်သူငယ်ချင်းတွေရှိရင် သူတို့ရဲ့ကြောက်စိတ်ကို နည်းလာအောင် ကူညီဖေးမပေးတဲ့စကားလေးတွေပြောပေးတာ၊ social media ကနေတစ်ဆင့် COVID-19 ကာလမှာ သွေးလှူဖို့ တိုက်တွန်းပေးတာ၊ ဒီလိုမျိုးကိုယ်တတ်နိုင်တဲ့နေရာကနေ ကူညီပြီး သွေးလှူဖို့ လှုံ့ဆော်ပေးတာဟာလည်း နောက်နောင် စေတနာသွေးလှူရှင်တွေဖြစ်လာနိုင်တဲ့ လူတွေရဲ့စိတ်ကို တွန်းအားဖြစ်စေပါတယ်



၂။ သွေးလှူခြင်းနှင့် သက်ဆိုင်သော ဗဟုသုတ အချက်အလက်များကို မျှဝေပေးခြင်း၊ သွေးလှူဒါန်းသည့် campaign များတွင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ်။


သွေးမလှူခင်နဲ့ သွေးလှူပြီးအချိန်များမှာ ဆောင်ရန်၊ ရှောင်ရန်များ၊ သွေးလှူဒါန်းခြင်းကြောင့် လူ့အသက်များစွာကို မည်သို့ မည်ပုံ ကယ်ဆယ်ပေးနိုင်ပုံများ စတဲ့ အချက်အလက်များပါဝင်သော စာများ၊ လက်ကမ်းစာစောင်များ၊ post များကို မျှဝေပေးခြင်းဖြင့် ကူညီပေးနိုင်ပါတယ်။ သွေးလှူခြင်းနှင့် ပတ်သတ်တဲ့ မှန်ကန်တိကျသော အသိပညာ ဗဟုသုတများကို သိရှိနားလည်ထားလျှင် သွေးလှူခြင်းကို ခက်ခဲသည့် အရာတစ်ခုအဖြစ် ရှုမြင်ခြင်းမှ လျော့ကျသွားစေနိုင်ပါတယ်။


ယခုအချိန်မှာ ကျွန်တော်တို့ Red Rose campaign ဟာ မိဘပြည်သူအားလုံးအတွက် သွေးလှူခြင်းနှင့်ဆိုင်တဲ့ သိမှတ်ဖွယ်ရာ ဗဟုသုတများကို အသိပေးမျှဝေပေးနေပါတယ်။ ဒါ့အပြင် campaign ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ သွေးလှူရာတွင် ပိုမိုအဆင်ပြေ လွယ်ကူချောမွေ့နိုင်စေရန် Red Rose Campaign တွင် online booking စနစ်နဲ့ ကြိုတင် ရက်ချိန်းယူပြီး လှူဒါန်းနိုင်ရန် အကူအညီပေးနေပါတယ်။ လူအများ သွေးလှူချင်စိတ် ပိုမို ဖြစ်ပေါ်လာစေရေး၊ သွေးလှူရှင်များ ပိုမို များပြားလာစေရေးအတွက် လှုပ်ရှားဆောင်ရွက်နေကြသော campaignများ၊ အဖွဲ့အစည်းများတွင်လည်း စေတနာဖြစ် ဝင်ရောက်ကူညီ လုပ်ဆောင်ပေးနိုင်ပါတယ်။


ထိုသို့ သိမှတ်ဖွယ်ရာများ မျှဝေပေးခြင်း၊ စေတနာဖြစ်ကူညီဆောင်ရွက်ပေးခြင်းဖြင့် ပညာဒါနကုသိုလ်နှင့်အတူ ဇီဝိတဒါနကုသိုလ်ကိုပါ တပြိုင်တည်း ရရှိ၍ ပီတိဖြစ်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။



၃။ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်အားဖြည့်နိုင်ပါတယ်။


သင်ဟာသွေးလှူရှင်မဖြစ်နိုင်သည့်တိုင် အခြားလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပါဝင်ကူညီပေးပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ပါတယ်။ နောက်ပြီး လူတိုင်းက အလားအလာရှိတဲ့ သွေးလှူရှင်များဖြစ်တဲ့အတွက် သင်ရဲ့ လူအင်အားစိုက်ထုတ်မှုဟာ သွေးလှူဒါန်းမှုအတွက်‌ အထောက်အပံ့ကောင်းတစ်ခုဖြစ်ပါတယ်။ ယခုအခါ လူထုကျန်းမာရေးစောင့်ရှောက်မှုအသင်းအဖွဲ့များဖြစ်သည့် ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရှင်သန်ရေးကူညီမှုအသင်းများနှင့် အခြားသောပရဟိတအသင်းအဖွဲ့များ၌ စေတနာ့ဝန်ထမ်းအဖြစ်‌ပါဝင်ကူညီနိုင်ပါတယ်။

ဒါကြောင့် မိမိကိုယ်တိုင်သွေးလှူဒါန်းခွင့်မရှိ​ပေမယ့် စိတ်ဓာတ်မကျပဲ လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာ ကူညီအားဖြည့်ပေးဖို့တိုက်တွန်းလိုပါတယ်။



၄။စေတနာလုပ်အားရှင် (volunteer) အဖြစ် ပါဝင်ကူညီပေးနိုင်ပါတယ်။


သွေးလှူဒါန်းခွင့်မရခဲ့ရင်တောင် အမျိုးသားသွေးဌာနမှာ လုပ်အားပေးနိုင်ပါတယ်။ယခုအခါ အမျိုးသားသွေးဌာနတွင် ကွန်ပျူတာဆော့ဖ်ဝဲလ် ကျွမ်းကျင်သူများ၊ ပရဟိတလုပ်အားပေးများ၊ လုပ်အားပေးဆရာဝန်များ၊ လုပ်အားပေးသူနာပြုများ ၊လူမှုရေးလုပ်ငန်းများတွင် စိတ်ပါဝင်စားသူများကို ကြိုဆိုလျက်ရှိပါတယ်။ သင်စိတ်ဝင်စားပြီး အချိန်ပေးနိုင်မယ် ဆိုရင်တော့ အမျိုးသားသွေးဌာနရဲ့ website ဖြစ်တဲ့ https://www.donatebloodmyanmar.org ကတစ်ဆင့် လေ့လာဆက်သွယ်နိုင်ကြောင်း အသိပေးအပ်ပါတယ်။



၅။ငွေကြေးဖြင့်လည်း ကူညီပံ့ပိုးပေးလို့ ရပါတယ်။


အကယ်၍ သင်သာ သွေးမလှူနိုင်ရင် ဒါမှမဟုတ် လှူခွင့်မရရင်တော့ ကူညီပေးနိုင်မယ့် အခြားနည်းလမ်းက ငွေကြေးထောက်ပံ့ပေးတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် အကူညီလိုအပ်နေသူများကို လှူဒါန်းရန်အတွက် ရန်ပုံငွေများ ရှာဖွေနေကြသည့်အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များစွာ ရှိနေပါပြီ။ လှူဒါန်းငွေပမာဏ နည်းနည်း၊ များများမဆို အသေးငယ်ဆုံးသောငွေပမာဏကို လှူဒါန်းခြင်းဖြင့်လည်း တစ်ဖက်သူရဲ့ ဘဝကို ကူညီနိင်ရုံသာမက ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် အခြားသူတွေအတွက် အခက်အခဲများကို ကျော်လွှားနိုင်စေဖို့ ယုံကြည်စိတ်ချရသော အဖွဲ့အစည်းများသို့လှူဒါန်းရန် Red Rose Campaign မှ တိုက်တွန်း လိုက်ပါတယ်။