သင့်သွေးအကြောင်းသိကောင်းစရာသွေးဆိုတာ ဘာလဲ?? ဘာလုပ်‌ပေးလဲ?? ဘယ်လိုလည်ပတ်နေလဲ??

ကျွန်တော်တို့ အနေနဲ့ သွေးလှူဒါန်းတာက ရင်းနှီးနေတဲ့ ကိစ္စဖြစ်တဲ့ အတွက် သွေးက ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးတယ်၊ ဘယ်လို စီးဆင်းနေတယ်ဆိုတာကို သိချင်ကြမယ် ထင်ပါတယ်။ အဲ့ဒီအတွက် အောက်က အကြောင်းအရာလေးတွေကို ဆက်လက် ဖတ်ကြည့်ကြရအောင်🌹


သွေးဆိုတာဘာလဲ။


ကျွန်တော်တို့ အသက်ရှင်သန်နိုင်ဖို့ သွေးလိုအပ်ပါတယ်။ သွေးမှာ ကိုယ်အလေးချိန်ရဲ့ ၇ ရာခိုင်နှုန်းခန့် ရှိပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို အစဉ်မပြတ် လုပ်ဆောင်ပေးလျက်ရှိပါတယ်။ သွေးကို သွေးရည်ကြည်နှင့်အတူ သွေးနီဥ၊ သွေးဖြူဥစသော ဆဲလ်များဖြင့် ဖွဲ့စည်းထားပါတယ်။ ထို့‌ကြောင့် သွေးဟာ ကိုယ်ခန္ဓာ၏ တစ်ခုတည်းသော တွယ်ဆက်တစ်သျှူးအရည်(connective tissue fluid) ဖြစ်ပါတယ်။


ကွန်တော်တို့ရဲ့ သွေးဟာ အနီရောင်တစ်မျိူးတည်း ဖြစ်ပါတယ်။သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဘင် လို့ ခေါ်တဲ့ ပရိုတင်း ကြောင့် သွေးက အနီရောင် အဖြစ်ရှိနေတာပါ။ အခြားသက်ရှိများမှာတော့ အစိမ်း၊အပြာစသဖြင့် ရှိကြပါတယ်။ ဥပမာအားဖြင့် ပင့်ကူ၊ ရေဘဝဲတို့ရဲ့ သွေးဟာ အပြာရောင်ဖြစ်ပြီး အချို့သော တီကောင်၊ မျှော့တို့မှာတော့ အစိမ်းရောင်ရှိတတ်ပါတယ်။ အင်းဆက် သတ္တဝါ လိပ်ပြာများမှာတော့ အဝါဖျော့ရောင် ရှိပါတယ်။ သွေးရဲ့ အရောင်ဟာ အောက်ဆီဂျင်ကို သယ်ပို့ပေးနိုင်တဲ့ အရောင်ခြယ် ပစ္စည်းပေါ်မူတည်ပြီး ကွဲပြားသွားကြတာပါ။၂။ ထို့အတူ သွေးတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားစွန့်ပစ်ပစ္စည်းများကို အဆုတ်၊ အသည်း၊ ကျောက်ကပ်နှင့်အစာခြေစနစ်တို့မှ တစ်ဆင့် စစ်ထုတ်ကာ သန့်စင်ပေးပါတယ်။


သွေးကဘာတွေလုပ်ပေးလဲ။


၁။ ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံး ပုံမှန်လည်ပတ်နိုင်ရန် လိုအပ်သော အောက်ဆီဂျင်၊ အာဟာရဓာတ်များနှင့် ဟော်မုန်းများ ကို သယ်ဆောင်လာပေးပါတယ်။


၂။ ထို့အတူ သွေးတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားစွန့်ပစ်ပစ္စည်းများကို အဆုတ်၊ အသည်း၊ ကျောက်ကပ်နှင့်အစာခြေစနစ်တို့မှ တစ်ဆင့် စစ်ထုတ်ကာ သန့်စင်ပေးပါတယ်။


၃။ခန္ဓာကိုယ်အတွင်းသို့ ပြင်‌ပမှ ဝင်ရောက်လာသော ရောဂါပိုးများကို တိုက်ဖျက်ဖို့ ၊ရောဂါ ကာကွယ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ၊ပရိုတင်း (Antibodies) နဲ့ ဆဲလ်တွေ ကို သယ်လာပေးပါတယ်။


၄။ သွေး‌ကြောလေးတွေပေါက်တာ၊ ပျက်စီးတာတို့ ဖြစ်လာရင် သွေးတိတ်အောင် သွေးခဲလေးတွေ ထုတ်ပေးပြီး သွေးထွက်လွန် ခြင်းကနေ ကာကွယ်ပေးပါတယ်။


၅။သွေးကြောလေးတွေ ကျုံ့ခြင်း၊ ဆန့်ခြင်းဖြင့် ကိုယ်တွင်းလိုအပ်သော ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များနဲ့ထိတွေ့မှုကြောင့် များလာသော အပူရှိန်ကို လျော့သွားအောင် သွေးက ထိန်းသိမ်းဖြန့်‌ဝေပေးနိုင်ပါတယ်။


သွေးက ခန္ဓာကိုယ်ထဲမှာ ဘယ်လို သွားနေတာလဲ။


သွေးလည်ပတ်မှုစနစ်ကို နှလုံး၊ သွေးလွှတ်ကြောများ၊ သွေးပြန်ကြောများနဲ့ ဆံခြည်မျှင်သွေးကြောများဖြင့်ဖွဲ့စည်းထားပါတယ်။

မျက်စိထဲမှာ ပုံဖော်ကြည့်မယ်ဆိုရင် သွေးလွှတ်ကြော နဲ့ သွေးပြန်ကြော ကြားထဲမှာ ဆံခြည်မျှင်သွေးကြောတွေနဲ့ ချိတ်ဆက်ထားတာပါ။


နှလုံးခုန်တိုင်းမှာ နှလုံးကနေတစ်ဆင့် ကိုယ်ခန္ဓာတစ်လျှောက်လုံးဆီကို သွေးတွေ ညှစ်ထုတ်ပြီး အခြားသော ကိုယ်အင်္ဂါများကို အောက်ဆီဂျင် (O2)ပမာဏများစွာပါဝင်တဲ့ သွေးတွေကို သွေးလွှတ်ကြောနဲ့ ပေးပို့ပါတယ်။အောက်ဆီဂျင်က အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ ဘယ်လိုရောက်လဲဆိုရင် ကိုယ်င်္အဂါအစိတ်အပိုင်းတွေနားမှာ သွေးကြောတွေ ရှိပါတယ်။ ဒီထဲကမှဆံခြည်မျှင် သွေးကြောလေးတွေကနေ တစ်ဆင့် အောက်ဆီဂျင်ကို ပေးတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) နဲ့ အခြား စွန့်ပစ် ပစ္စည်းတွေ ပြန်ယူပြီး သွေးပြန်ကြောမှတစ်ဆင့် နှလုံးဆီပြန်သွားတယ်။ အောက်ဆီဂျင်ပိုမိုရရှိဖို့ နှလုံးကို ပြန်ရောက်လာတဲ့သွေးတွေကိုအဆုတ်ကိုပို့ပေးပါတယ်။ အဆုတ်မှာ သွေးကို အောက်ဆီဂျင်ပမာဏ ပြန်များလာအောင် လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ သန့်စင်ပြီး နှလုံးဆီကို ပြန်ပို့ပေးပါတယ်။ နှလုံးကတစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးကို သွေးတွေ ထပ်ပို့ပေးတယ်။ ဒီလိုမျိုး ဖြစ်စဉ်တွေဟာ ထပ်ခါထပ်ခါ လည်ပတ်နေပြီး သွေးကို လည်ပတ်စေပါတယ်။


Online booking စနစ်ဖြင့် သွေးလှူဒါန်းလိုပါက - https://www.donatebloodmyanmar.org/booking


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။" "A drop of blood for you, a hope of a lifetime for them."


#RedRoseCampaign