သင့်အချိန်နာရီဝက်​ပေးရုံဖြင့် ကလေးတစ်ယောက်၏ ဘဝသက်တမ်းကိုရက်​ပေါင်းများစွာ တိုးမြှင့်​ပေးနိုင်သည်။

က​လေးမ​လေးတစ်​ယောက် ​နံနက်ခင်း​နေ​​ရောင်ခြည်ခြုံလွှမ်း​သော မြက်ခင်းစိမ်း​ပေါ်၌ တက်ကြွစွာပြေးလွှား​ဆော့ကစား​နေသည်။ အပြစ်ကင်းစင်တဲ့ သူ့မျက်နှာ​ပေါ်မှာ ​ပျော်ရွှင်မှုအရိပ်အ​​ယောင်များ ပြည့်နှက်​နေသည်။

သို့​သော် သူသည်အမြဲတမ်းဤကဲ့သို့ ​ပျော်ရွှင်နိုင်ခဲ့သူမဟုတ်​ပါ။ "​မော်လီ" ​ဟုအမည်ရ​သော ထိုက​လေးမ​လေးသည် Beta Thalassemia Major ​ခေါ်အသက်အန္တရာယ်​​ကို ပြင်းထန်စွာထိခိုက်​စေနိုင်​​သော ​​​မွေးရာပါသွေးအားနည်း​ရောဂါကို ခံစား​နေရသူဖြစ်သည်။


ထို့​ကြောင့် "​မော်လီ"သည် အသက်ဆက်နိုင်ရန်အတွက် ​သွေးသွင်းခြင်းကို မှီခို​နေရသည်။ ​ရှေ့ဆက်ရမည့်ဘဝတစ်​လျှောက်တွင်လည်း ​သွေးမသွင်းဘဲ အသက်မရှင်နိုင်​သူဖြစ်သည်။


​"​မော်လီ"​​သည် ​သွေးမသွင်းမီက အလွန်ပင် ​​မောပန်းနွမ်းနယ်တတ်ပြီး ​ဆော့ကစားခြင်းမပြုနိုင်​ပေ။အခြား​သော သက်တူရွယ်တူ​က​လေးငယ်များကဲ့သို့လည်း မဖွံဖြိုးဘဲရှိနေလေသည်။


သို့​သော် ​သွေးသွင်းပြီးသည်နှင့်တစ်ပြိုင်နက် အသစ်တစ်ဖန်​ပြန်လည်မွေးဖွားလာသကဲ့သို့ လန်းဆန်းတက်ကြွ​သည့်က​လေးငယ်တစ်ဦးအဖြစ်သို့ ​ပြောင်းလဲသွားသည်။


ထိုအခိုက်အတန့်တွင် "​မော်လီ"သည် ​ပျော်​ရွှင်​နေ​သော သာမန်က​လေးတစ်​ယောက်သာ...


ဤကမ္ဘာ​ပေါ်တွင် က​လေးငယ်သန်း​ပေါင်းများစွာသည် ​နေ့စဥ်​နှင့်အမျှသွေးလိုအပ်​နေပါသည်။ ထိုက​လေးငယ်များအားလုံး"​မော်လီ"ကဲ့သို့ ကံမ​ကောင်း​ပေ။ ​​သွေးလိုအပ်​နေ​သော က​လေးငယ်၁၀ဦးအနက် ၂ဦးမှာ ​သွေးမရရှိ၍ ​​​လောကကြီးကို နှုတ်ဆက်ခဲ့ရသည်။


ဤက​လေးငယ်များ၏ ဘဝကို သင်ပြောင်းလဲ​ပေးနိုင်သည်။ အပြစ်ကင်းစင်တဲ့သူတို့​လေး​တွေရဲ့ အသက်ကိုကယ်တင်နိုင်စွမ်း သင့်မှာရှိသည်။ သင့်အချိန်နာရီဝက်​မျှပေးရုံဖြင့် သူတို့ရဲ့သက်တမ်းကို ရက်​ပေါင်းများစွာတိုးမြှင့်​ပေးနိုင်သည်။ ဘဝကို​ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ သူတို့​လေး​တွေကိုအခွင့်အ​ရေး​ပေးလိုက်ကြပါစို့။ သူတို့​လေး​တွေရဲ့ သူရဲ​ကောင်းဟာသင်ဖြစ်နိုင်ပါတယ်။ ထို့​ကြောင့် ယခုချက်ချင်းပင် ​အမျိုး​သားသွေးဌာနသို့ ကြွလှမ်းခဲ့ဖို့ ဖိတ်​ခေါ်ပါရ​စေ။


'သင့်အတွက်​သွေးတစ်စက်၊ သူ့အတွက်ဘဝတစ်သက်။ '


Online Booking စနစ်ဖြင့်သွေးလှူလိုပါက https://www.donatebloodmyanmar.org/booking


#RedRoseCampaign


Reference and Source - American Red Cross (Molly's Story : Why Blood Donations Matter)