သွေးမလှူခင်နဲ့ သွေးလှူပြီး သင်ဘာတွေ လုပ်သင့်လဲ?

အားလုံးပဲ မင်္ဂလာပါ။


ဒီအပတ်မှာတော့ COVID-19 ကာလအတွင်း ပထမဆုံးအကြိမ်သွေးလှူချင်တဲ့ ညီအစ်ကိုမောင်နှမတွေအတွက် သွေးမလှူဒါန်းခင် နဲ့ သွေးလှူဒါန်းပြီးချိန်မှာ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေ၊ သွေးလှူပြီးနောက်ဖြစ်လာနိုင်တဲ့ ခန္ဓာကိုယ်ကတုံ့ပြန်မှုတွေကို ဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။


အားလုံးပဲစိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါတယ်။


Online Booking စနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။"


#RedRoseCampaign


၁။ သွေးမလှူခင် အင်အားပြည့်ပြည့်ဝဝနဲ့ လန်းဆန်းတက်ကြွမှုရှိစေရန် အိပ်ရေးဝဝအိပ်ဖို့ အရမ်းလိုအပ်ပါတယ်။


၂။ သွေးလှူတဲ့အခါ ခန္ဓာကိုယ်ကရေဓာတ်တွေဆုံးရှုံးသွားတဲ့အတွက် သွေးမလှူခင် ရေ (၂) ခွက်ခန့်သောက်သုံးပေးရပါမယ်။


၃။ အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်ကို ခမ်းခြောက်စေနိုင်တာမို့ သွေးမလှူခင် ၂၄ နာရီအတွင်း အရက်သေစာမသောက်သုံးရပါဘူး။


၄။ အဆီများတဲ့အစားအစာတွေဟာ သွေးကိုစစ်ဆေးသန့်စင်တဲ့အခါ အခက်အခဲဖြစ်စေတာကြောင့် သွေးမလှူခင် ထိုအစားအစာတွေကို မစားသုံးရပါဘူး။


၅။ သွေးမလှူခင် ၂ ရက် မှ ၂ ပတ်ခန့်အလိုမှာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- အမဲသား၊ ကြက်သား၊ ငါး၊ ရွှေဖရုံသီး) ကိုစားသုံးပေးရပါမယ်။ ဒါမှသာ ခန္ဓာကိုယ်က သံဓာတ်ကို လုံလောက်စွာသိမ်းဆည်းထားနိုင်ပြီး သွေးလှူပြီးတဲ့အခါ အားနည်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။


၆။ သွေးမလှူခင် ၂ နာရီ (သို့မဟုတ်) ၃ နာရီအလိုမှာ ထမင်း ဒါမှမဟုတ် အခြားအစားအစာတစ်ခုခု စားထားဖို့ လိုအပ်ပါတယ်။


၇။ Vitamin C ပါဝင်တဲ့အစားအစာတွေဟာ သံဓာတ်စုပ်ယူမှု အားကောင်းတာကြောင့် များများစားသုံးပေးရပါမယ်။


၁။ သွေးလှူပြီးပြီးချင်း ၁၀ မိနစ်ခန့် ထိုင်နေ/လှဲနေသင့်ပါတယ်။


၂။ သွေးလှူပြီးတဲ့အခါ ခန္ဓာကိုယ်ထဲက အရည်ပမာဏ လျော့နည်းသွားတာဖြစ်တဲ့အတွက် ပုံမှန်ထက် ရေများများပြန်သောက်ပေးဖို့ လိုအပ်ပါတယ်။


၃။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဟာ မူးမော်တာတွေဖြစ်စေပြီး သွေးဖောက်ထားတဲ့နေရာမှာလည်း သွေးမတိတ်တာမျိုးတွေဖြစ်စေတာကြောင့် သွေးလှူပြီး ၂၄ နာရီအတွင်း အလေးအပင်မတာတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်ရပါဘူး။


၄။ သွေးလှူပြီး ၁၂ နာရီအတွင်း အရက်/ဘီယာသောက်တာကို လုံးဝ ရှောင်ကြဉ်ရပါမယ်။


၅။ သွေးဆဲလ်တွေကို ထုတ်လုပ်ရာမှာ အဓိကအရေးပါတဲ့ သံဓာတ်စုပ်ယူမှုကို တားမြစ်တဲ့အစားအသောက်တွေ (ဥပမာ - ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ နို့နဲ့နို့ထွက်ပစ္စည်း) များကို စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။


၆။ သွေးနီဥတွေ ထုတ်လုပ်ရာမှာ များစွာအထောက်အကူပြုတဲ့ ဗီတာမင် B2 နဲ့ B6 ပါဝင်တဲ့အစားအစာတွေ (ဥပမာ- အာလူး၊ ကြက်ဥ၊ ကန်စွန်းဥ၊ ငှက်ပျောသီး)၊ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေ (ဥပမာ- အသား၊ ငါး၊ မြေပဲ၊ အစေ့အဆံ) များကိုစားသုံးပေးရပါမယ်။


၇။ အပူဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေကိုကျယ်စေပြီး သွေးပေါင်ချိန်ကျစေနိုင်တာကြောင့် သွေးလှူပြီးချိန်မှာ ရေပူနဲ့ ရေချိုးတာကိုရှောင်ကြဉ်သင့်ပါတယ်။


၁။ သွေးလှူပြီး ရုတ်တရက်ထလိုက်တဲ့အခါ (သို့မဟုတ်) သွေးအားနည်းနေတဲ့အခါ မူးဝေတာတွေ၊ မေ့လဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ စိုးရိမ်စရာမလိုပါဘူး။ ဒီလိုဖြစ်ခဲ့ရင် လူကိုပက်လက်အနေအထားနဲ့ ခြေထောက် ၂ ဖက်ကို‌ထောင်ထားပေးခြင်းဖြင့် မိမိခန္ဓာကိုယ် အခြေအနေအား ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ပြီးတော့ သွေးလှူပြီးချိန်မှာ တစ်ခုခုဖြစ်လာရင် ဂရုစိုက်ပြီး ကူညီစောင့်ရှောက်ပေးမယ့် သူနာပြု၊ ကျန်းမာရေးဝန်ထမ်းနဲ့ ဆရာဝန်တွေရှိတာကြောင့် စိုးရိမ်စရာမလိုပါဘူး။


၂။ တစ်ခါတစ်ရံသွေးဖောက်ထားတဲ့နေရာမှာ အမာရွတ်ဖြစ်သွားနိုင်သလို အညိုအမည်းတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလို ဖြစ်ခြင်းက ဘာအန္တရာယ်မှမရှိပါဘူး။ အချိန်အနည်းငယ်ကြာရင်ပျောက်ကင်းသွားနိုင်ပါတယ်။


၃။ သွေးလှူထားတဲ့လက်မောင်းမှာကိုက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို အခြေအနေမှာ အကိုက်အခဲပျောက်ဆေးသောက်ပေးရင် သက်သာလာနိုင်ပါတယ်။