သွေးရည်ကြည်မလှူခင်နှင့် လှူဒါန်းအပြီး သင်ဘာတွေလုပ်သင့်သလဲ?

အားလုံးပဲ မင်္ဂလာပါ။


ဒီအပတ်မှာတော့ COVID-19 ကာလအတွင်း COVID-19 ​ရောဂါ​ပျောက်ကင်းသွားပြီး ​ပထမဆုံးအကြိမ်သွေးရည်ကြည်လှူဒါန်းချင်​​သော ညီအစ်ကို​မောင်နှမ​တွေအတွက် သွေးရည်ကြည်မလှူဒါန်းခင် နဲ့ လှူဒါန်းပြီးချိန်မှာ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေ၊ သွေးရည်ကြည်လှူပြီးနောက်ဖြစ်လာနိုင်တဲ့ ခန္ဓာကိုယ်ကတုံ့ပြန်မှုတွေကို ဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။


အားလုံးပဲစိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါတယ်။


သွေးရည်ကြည်လှူဒါန်းရန် စာရင်းပေးသွင်းလိုပါက ccpmm.org မှာစာရင်းပေးသွင်းပြီး လှူဒါန်းနိုင်ပါတယ်။


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။"


#RedRoseCampaign


Before Plasma Donation


၁။ရေသောက်ပါ။


သွေးရည်ကြည်ဟာလည်းအရည်တစ်မျိုးဖြစ်သည့်အတွက်​ခန္ဓာကိုယ်မှရေဓာတ်မဆုံးရှုံးစေရန်သွေးရည်ကြည်မလှူမီတစ်နေ့နှင့် လှူမည့်နေ့များတွင် ရေ၆ခွက်မှ ၈ခွက်အထိ သောက်သုံးသင့်ပါတယ်။


၂။အသားဓာတ်နဲ့ သံဓာတ်များတဲ့ အစားအစာများစားပါ။


သွေးရည်ကြည်မလှူခင် ၃နာရီအလိုမှာ အသားဓာတ်နဲ့သံဓာတ်များတဲ့ အစားအသောက်တွေ စားပေးဖို့လိုအပ်ပါတယ်။

အသားဓာတ်ကြွယ်ဝတဲ့ အစားအစာအချို့ကတော့

ပဲအမျိုးမျိုး၊အသားအမျိုးမျိုး၊ဥအမျိုးမျိုး ၊အ​စေ့အဆံများ၊ပုစွန်၊နို့နှင့်နို့ထွက်ပစ္စည်းများ စတာတွေပဲဖြစ်ပါတယ်။


၃။ အဆီများတဲ့ အစားအစာများစားခြင်းမှ ရှောင်ကြဉ်ပါ။


သွေးရည်ကြည်လှူမည့်နေ့တွင် အဆီများသော အစားအစာများ၊ချိုလွန်းသောအစားအသောက်များမစားသင့်ပါဘူး။ထိုအစားအသောက်များဟာ သွေးစစ်ဆေးမှုအ​ပေါ်အကျိုးသက်ရောက်စေပြီးသင်ရဲ့သွေးရည်ကြည်၏အရောင်ကိုပြောင်းလဲစေနိုင်ပါတယ်။


၄။သွေးရည်ကြည်မလှူမီတစ်ရက်နှင့်သွေးလှူမည့်နေ့တွင် အရက်သေစာ(အယ်ကိုဟော)

သောက်သုံးခြင်းမှရှောင်ကြဉ်ပါ။


၅။ အိပ်ရေးဝအောင်အိပ်ပါ။


၆။ ​သွေးရည်ကြည်မလှူမီတစ်​နာရီအတွင်း ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်းများကို​ရှောင်ရှားပါ။


၇။ သွေးလှူသည့်အခါသက်​တောင့်သက်သာဖြစ်စေမည့်အဝတ်အစားများကိုဝတ်ဆင်လာသင့်ပါတယ်။



After Plasma Donation


၁။​သွေးရည်ကြည်လှူပြီး​သောအခါတွင်လည်းကိုယ်ခန္ဓာကို​ရေဓာတ်ပြန်လည်ဖြည့်တင်း​ပေးဖို့​​ရေများများ​သောက်​ပေးရပါမယ်။


၂။ အစာအာဟာရပြည့်စုံမျှတစွာစားသုံး​ပေးရပါမယ်။

အထူးသဖြင့် ပရိုတင်းနှင့် သံဓါတ် များပါဝင်​သောအစားအစာကိုစားသုံး​ပေးသင့်သည်။


၃။ ​သွေးရည်ကြည်လှူပြီး မိနစ် ၃၀ အတွင်း ​ဆေးလိပ်​သောက်ခြင်းကို​ရှောင်ရှားရမည်။


၄။​သွေးရည်ကြည်လှူပြီး​ ​နောက် ၄နာရီအတွင်း အရက်​သောက်သုံးခြင်းကို​ရှောင်ရှားရမည်။


​၅။သွေးရည်ကြည်​လှူဒါန်းရန်​​ဖောက်ထားတဲ့လက်ဖြင့် ​လေးလံ​သောပစ္စည်းများသယ်​ဆောင်ခြင်း၊​​ရေပူဖြင့်​ရေချိုးခြင်း၊လေ့ကျင့်ခန်းများအပြင်းအထန်လုပ်ခြင်းကို​ ဆင်ခြင်ပြီး​တော့ပုံမှန်လုပ်ငန်း​ဆောင်တာများကို​ဆောင်ရွက်နိုင်ပါတယ်။




၁။​သွေးရည်ကြည်တွင် အာဟာရဓါတ် နှင့် ဆားများပါဝင်ပါတယ်။ထို့​ကြောင့်​သွေးရည်ကြည်လှူပြီး​နောက်တွင်ထိုဓါတ်များဆုံးရှုံးသွား​သောအတွက်​

ကြောင့်​ခေါင်းမူးခြင်း, မူး​မေ့ခြင်းတို့ဖြစ်နိုင်ပါတယ်။ ​မောပန်းနွမ်နယ်ခြင်းပါဖြစ်​စေနိုင်ပါတယ်။ ထိုသို့မဖြစ်​စေ​ရန် ​ရေကိုများများ​သောက်ခြင်းနှင့် အာဟာရပြည့်စုံ​သော အစားအစာကို စားခြင်းများကို​သွေးရည်ကြည်မလှူခင်နှင့်လှူပြီးတွင်ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

၂။ ​တစ်ခါတစ်ရံ လက်​မောင်း၌​သွေး​ရည်ကြည်လှူဖို့​ဖောက်ထားတဲ့​နေရာတွင်​ရောင်ခြင်းသို့မဟုတ် ​သွေးထွက်ခြင်းများဖြစ်​ပေါ်တတ်သည်။ထို့သို့ဖြစ်​ပေါ်ပါက ထို​နေရာကို ဖိထားပြီးလက်​မောင်းကိုမထားပါ။ ဆက်လက်ဖြစ်​ပေါ်ပါက ထို​နေရာကို ​အေး​သောအရာနှင့် ၁၂-၂၄ နာရီအတွင်း ကပ်ထားနိုင်ပါတယ်။ထို့​နောက် ​နွေး​သောအရာနှင့်ပြန်လည်ကပ်​ပေးပါ။