သွေးရည်ကြည်အလှူရှင်များ၏ စကားသံ Part (1)

CCP Program ကိုဘယ်ကစသိ? Facebook Page က Friend တစ်ယောက်က Share ထားတာကိုတွေ့ပြီးစိတ်ဝင်စားသွားတာပါ

CCP Program ကိုသိသိချင်းဘာလို့လှူမယ်ဖြစ်သွားတာလဲ? Program ကိုတွေ့တော့ ကိုယ်လဲ COVID ဖြစ်ပြီးတဲ့ အခါမှာ အလှူလေးတစ်ခုလုပ်ချင်တာနဲ့ လှူဖို့စဥ်းစားဖြစ်သွားတာပါ

သွေးရည်ကြည်မလှူခင် ကိုယ့်ဘက်က ဘာတွေကြိုတင်ပြင်ဆင်ခဲ့လဲ? တစ်မိသားစုလုံး COVID ဖြစ်ပြီးတော့ ညီမသွေးရည်ကြည်လှူဖို့ကို မိသားစုနဲ့တိုင်ပင်တယ် သွေးစစ်၊ ရက်ချိန်းယူပြီး အကိုနဲ့ အတူတူလာလှူဖြစ်တယ်။ အဖေက လူကြီးဆိုတော့ ရောင်ယမ်းနေတာလေးတွေလဲမကျသေးဘူး သွေးစစ်တော့ လိုအပ်တာလေးတွေရှိနေလို့ လှူခွင့်မရသေးလို့ အကိုနဲ့ နှစ်ယောက်ပဲလာလှူဖြစ်ခဲ့တာပါ။

နောက်ဆက်ပြီးသွေးရည်ကြည်လှူဖို့ အစီအစဥ်ရှိလား? ဟုတ်ကဲ့ ရှိပါတယ်။ ဒီနေ့ သွေးရည်ကြည် လှူပြီသွားပါပြီ။ နောက်လကျရင် လှူလို့ရမရကို သွေးရည်ကြည်အလှူခံဌာနမှာ သွေးပြန်လာစစ်လို့ရတယ်ပြောပါတယ်။ ရရင် ထပ်လှူဖို့အစီအစဥ်ရှိပါတယ်။

COVID မဖြစ်ခင်တုန်းကရော သွေးလှူဖူးလား? အခုမှ ပထမဦးဆုံး အကြိမ်လှူဖူးတာပါ။

သွေးရည်ကြည် လှူရတဲ့ အတွေ့အကြုံ? သွေးရည်ကြည်လှူတာပုံမှန်အတိုင်းပါပဲ ကိုယ်တိုင်မလှူဘူးပေမယ့် သူငယ်ချင်းတွေလှူတာမျိုးတော့ လိုက်သွားဖူးတယ် စဖောက်တဲ့ အချိန်တုန်းကတော့ တစ်ချက်ပဲ နည်းနည်းလေးတော့နာတယ်။ နောက်ပိုင်းတော့ ထွေထွေထူးထူး နာတာမျိုးလဲမရှိဘူး။ အဆင်ပြေပါတယ်။ လှူပြီးတော့ အားနည်းတာလဲမရှိဘူး။ ဒီလို Program လေးရှိတာ အရမ်းကောင်းပါတယ်။

လှူရတဲ့ စိတ်ခံစားချက် COVID စဖြစ်တော့ ညီမတို့ Quarantine Centre မှာ အသက်ကြီးတဲ့ သူတွေကိုတွေ့ခဲရတယ်။ အခု သွေးရည်ကြည်လှူပြီး သူတို့ကို ပြန်ကယ်တင်နိုင်တော့ ဝမ်းသာပါတယ်။

ဆေးရုံမှာနေတုန်းကအတွေ့ အကြုံ ဆေးရုံမှာနေတုန်းက ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး တစ်ယောက်နဲ့ တစ်ယောက်ကူညီကြတယ်။ Volunteer လဲပြန်လုပ်တယ် သက်ကြီးရွယ်အိုတွေကို လဲကူညီခွင့် ရခဲ့တယ်။ အိမ်ပြန်ရောက်တော့လည်း သွေးရည်ကြည်လှူပြီး လူနာတွေကို ကူညီလို့ရတယ် ဆိုတာသိရလို့ အခုလိုလာလှူဖြစ်ခဲ့တာပါ။