သွေးရည်ကြည်အလှူရှင်များ၏ စကားသံ Part (2)

​COVID-19 ဖြစ်ပြီး​ပျောက်သွားတာဘယ်နှရက်ရှိပြီလဲ?

​COVID ဖြစ်ပြီး​တော့​ဆေးရုံဆင်းတာ အခုဆိုရင်၁လနဲ့၇ရက်​ပေါ့။

​​သွေးရည်ကြည်လှူတဲ့အ​ကြောင်းဘယ်လိုစသိခဲ့ပါသလဲ?

​ ဦးCOVID မဖြစ်ခင်မှာ ​ရွှေတိဂုံစေတီ​တော်မြတ်ကြီးရဲ့အထက်ပစ္စယံတံပျက်လှည်းအသင်းက အတွင်း​ရေးမှူးဦး​အောင်ခင်ဆင့်က COVID ဖြစ်ပြီး ​ဖောင်ကြီးကပြန်လာချိန် ၁လ​လောက်အကြာမှာ ​သွေးရည်ကြည်လှူ​တော့ Facebook ​ပေါ်တင်ပါတယ်။ COVID ဖြစ်ပြီး ၁လအကြာမှာ ​သွေးရည်ကြည်လှူလို့ရပါတယ်ဆို​တော့ စုံစမ်းပြီးလာလှူဖြစ်တာပါ။

​​သွေးရည်ကြည်မလှူခင်ကိုယ့်ဘက်ကဘာ​တွေပြင်ဆင်ခဲ့​သေးလဲ?

​နဂိုထဲကလည်း အအိပ်မှန် အစားမှန်​အောင်​နေပါတယ်။ COVID ဖြစ်ပြီး​တော့လည်းကျန်းမာ​ရေးကိုပိုဂရုစိုက်ပါတယ်။ ညဆိုရင်၈နာရီ​​၉နာရီလောက်ဆိုအိပ်ပြီ။ မနက်ဆို၅နာရီထပြီးလမ်း​လျှောက်တယ်။ အစားကိုလည်းအဟာရဖြစ်တာများများစားတယ်။ ​သွေးရည်ကြည်ဆိုတာအခုမှလှူဖူးတာဆို​တော့ အရင်ထက်ပိုပြီးဂရုစိုက်တာ​ပေါ့။

​​​သွေးရည်ကြည်လှူဒါန်းခဲ့တဲ့အ​တွေ့အကြုံ​လေး​ဝေမျှ​ပေးပါဦးရှင်။

​အဓိက​တော့လှူဒါန်း​စေချင်တယ်အားလုံးကို။ (ငို​သံဖြင့်) ဦး​လေး​တို့ကဒီဒုက္ခကို ကိုယ်တိုင်ခံစားလာ​တော့​လေ အခက်အခဲ​တွေအများကြီးကြုံခဲ့ရတယ်။ အရမ်းအ​ခြေအ​နေဆိုးတဲ့လူ​တွေကိုမြင်ပြီး ကိုယ့်မိဘ​တွေများဖြစ်သွားမလားလို့စိုးရိမ်ခဲ့ရတယ်။

COVID ဖြစ်ပြီးအခက်အခဲ​လေး​တွေ​ပြောပြချင်​သေးလား?

​စိတ်အရမ်းမွန်းကျပ်တယ်အားငယ်တယ်။

​နောက်​ရော​သွေးရည်ကြည်ထပ်လှူဖို့အစီအစဥ်ရှိလား?

ဟုတ်ကဲ့ရှိပါတယ်။ ၁လပြည့်ရင်လာစစ်ပြီး လှူလို့ရ​သေးတယ်ဆိုလှူမှာပါ။

ဆေးရုံတက်စဥ်တုန်းကကြုံခဲ့ရတဲ့​ရောဂါပြင်းထန်​နေသူ​တွေအ​ကြောင်း ​ပြောပြချင်တာရှိပါသလား?

ဦးကစစ်​ကြော​ရေးကို​ရောက်တယ်။ အဲ့ဒီကဆရာဆရာ​မ​တွေကလည်း​ကောင်းကြတယ်။ ဦးတို့ကြသိပ်​ရောဂါမဆိုး​တော့ သပ်သပ်ပဲ​နေရတယ်​လေ။ ဆိုးရွားတဲ့လူ​တွေကျ ​သပ်သပ်တစ်​ဆောင်ထားပါတယ် ဆရာဝန်​တွေက ဖုန်းဆက်ပြီးလိုအပ်တာကို လုပ်​ပေးပါတယ်။ အရမ်းပြင်းထန်လာရင် ကားနဲ့​ဆေးရုံကိုပို့​ပေးတယ်။ အနီးကပ်​တော့မ​တွေ့ခဲ့ရ​ဘူး။

​မိသားစုထဲမှာဦးလေးတစ်ယောက်တည်းကူးစက်ခံရတာလား?

​အမျိုးသမီးလည်းကူးစက်ခံရပါတယ်။နှစ်ယောက်တည်းနေတာဆိုတော့ သူကလည်း vitamin c ဓာတ်ချို့ယွင်းတော့လေ ပိုခံရတယ်။ သူနဲ့ကအဆောင်မတူပေမဲ့ ဟိုမှာတွေ့ချင်ရင်တွေ့လို့ရတယ်။စစ်ကြောရေး မှာလွတ်လွတ်လပ်လပ် လမ်းလျှောက်လို့ရတယ် အစားအသောက်ကလည်း အဆင်ပြေပါတယ် ။အမျိုးသမီး အရမ်းနေမကောင်းရင် အပြင်မှာခဏတွေ့ပြီး ဆရာတွေကို ဆက်ပြီး အကူအညီတောင်းတာတွေ ချက်ချင်းလုပ်ပေးတယ်

ကိုဗစ်ပိုးကိုဘယ်လိုကူးသွားတာလည်းမသိဘူး?

​စျေးသွားတာပါပဲ။ စျေးသွားရင်လည်း mask တပ်တယ်။ လက်အိတ်စွတ်တယ်။စျေးတောင် တစ်လတစ်ကြိမ်လောက်ပဲသွားတာ အဲဒီကနေပဲကူးသွားတာပဲထင်ပါတယ်

ကိုဗစ်ကူးပြီဆိုတာဘယ်လိုစသိတာလဲ

​ဖျားတာ သတင်းတွေမှာလည်းဖျားပြီးအနံ့ပျောက်တယ်ဆိုတော့ ဦးလေးကစောင့်ကြည့်တာပေါ့ ဖျားပြီး သုံးရက်လောက်နေတော့ အနံ့ပျောက်သွားတယ်။ ရှူဆေးဘူးတို့ ဆပ်ပြာအနံ့တို့လုံးဝမရတော့ဘူး။

ကြည်မြင်တိုင်fever clinic သွား အိမ်မှာ ၁၄ ရက်နေပေးပါ။ မိသားစုဘယ်နှစ်ယောက်ရှိလဲမေးတယ် စျေးတွေဘာတွေကိုအောက်ကလူတွေဝယ်ပေးပြီး အိမ်မှာ ပဲနေတယ်။ ၆ ရက်လောက်နေတော့ အနံ့ပြန်ရ ပြီးနေပြန်ကောင်းသွားတယ် ။ အမျိုးသမီးကတော့ ဖျားပြီး ၈ ရက်လောက်မှအနံ့ပြန်ရတယ်။ခေါင်းတော့ကိုက်တယ် ညဘက်ဆိုမနေနိုင်ဘူး။ fever clinic ကိုထပ်ပြတော့ ၇ ရက်အိမ်မှာဆက်နေခိုင်းတယ်။ ရပ်ကွက်ကညီလေးကဖုန်းဆက်ပေးပြီး အထက ၂ ကြည်မြင်တိုင်မှာ Q ဝင်ရတယ်။ ပထမအကြိမ် negative ဒုတိယအကြိမ် Positive ဆိုမှ စစ်ကြောရေးကို ပြောင်းရတာ အခြေအနေအရမ်းမဆိုးတော့ oxygen တွေဘာတွေမရှူရဘူး။ သွေးရေကြည်ကုထုံးနဲ့လည်းမကုခဲ့ရဘူး။victamin c ၁၀၀၀ အားပဲသောက်ခဲ့ရတယ်။

​​သွေးရည်ကြည်လှူဒါန်းဖို့ ဘယ်အချက်က တွန်းအားဖြစ်​စေခဲ့တာလဲ?

​သွေးရည်ကြည်လှူဒါန်းလိုက်ရင် ​ရောဂါပြင်းထန်တဲ့သူ၃ ​ယောက်ရဲ့ အသက် ကိုကယ်တင်နိုင်တယ်​ဆိုတဲ့ အချက်​ကြောင့်ပိုပြီး​တော့လှူဖြစ်ချင်တာ​ပေါ့။

ကိုယ်ရဲ့​သွေးရည်ကြည်လှူဒါန်းလိုက်လို့ ကိုယ် အန္တရာယ်တစ်စုံတစ်ရာဖြစ်မှာကိုစိုးရိမ်မိတာရှိလား?

​မရှိပါဘူး။ စိတ်မပူပါဘူး။

ဦး​လေး Q Centre မှာ​နေခဲ့ရတဲ့အခါမှာအ​ကောင်းအဆိုး​တွေကရှိမှာပဲ။ အဲ့ဒီမှာ ဘယ်အရာကို သ​ဘောကျလဲဘယ်အရာကိုသ​ဘောမကျဘူးလဲ?

​ကျန်းမာ​ရေးဝန်ထမ်း​တွေနဲ့ Volunteer ​တွေကလည်း​နေ့မအိပ် ညဘက်ဆိုလည်းမအားဘဲ သူတို့​တွေ အကုန်လုံးကိုလုပ်ကြပါတယ်။ဝိုင်းပြီး​တော့ လို​လေ​သေးမရှိ လုပ်ကြပါတယ်။

​ရိုးရိုး​​သွေးလှူတာနဲ့ သွေးရည်ကြည်လှူတာဘာကွာတယ် လို ဦး​လေးသိလား?

​အဲ့ဒါ​တော့ဦး​လေး မသိဘူး။ ဒီတိုင်း​သွေးလှူပြီးသွားရင်ခန္ဓါကိုယ်က​နေလို့​ကောင်းသွားတယ်။ ​ပေါ့သွားသလိုခံစားရတယ်။ အရင်ဆိုရင်လူက နဲနဲ​လေးသလိုပဲ။

​အရင်တုန်း ကဦ​လေး က​သွေးနမူနာ​ပေးတယ်။ဒီ​နေ့မှ ​သွေးရည်ကြည်လာလှူ​တော့သူတို​တွေဘယ်လို အဆင့်​တွေလုပ်​ပေးလဲ?

​ရောက်​တော့ နားခိုင်းတယ်။ဓါတ်ဆားရည်​တွေ​သောက်ခိုင်းတယ်။​သွေး​ပေါင်​တွေချိန်တယ်ပြီး​တော့လှူခဲ့တာ​ပေါ့။

​ဦး​လေးရဲ့အသိ​တွေထဲမှ COVID ​ဖြစ်ပြီးပျောက်သွားတဲ့လူ​တွေရှိလား?

​​ပျောက်တဲ့လူ​တွေလည်းရှိတယ်။သိပ်မ​ကြောက်နဲ့။ဒါ​ပေမဲ့သိပ်မ​ကြောက်ပဲမ​နေနဲ့။ဘာလို့လဲဆို​တော့ဦး​လေးရဲ့​ရှေ့မှာတင် ၄ ၅ နှစ်​လောက်ကြီးတဲ့ဆရာ​တွေဆိုလိုရှိရင်အ​ကောင်းကြီး ကျန်းမာ​ရေးလည်းလိုက်စားတယ်။အရက်မ​သောက်ကွမ်းမစား။အဲ့ဒီလိုလူ​တွေဒီ​ရောဂါနဲ့​သေသွားတယ်ဆို​တော့ အဲ့ဒီမှာလည်း စိတ်ထဲလည်းမ​ကောင်းဘူး။(ငိုသံဖြင့်)

​ ဦး​လေးက ​ရောဂါ​ပျောက်ပြီး အခု​သွေးရည်ကြည်လာလှူတယ်။ ဦ​လေးကလည်းတခြားသူ​တွေကိုဘာ​ပြောချင်​သေးလဲ?

​ကျန်းမာ​ရေးဝန်ကြီးဌာနကချမှတ်ထားတဲ့ စည်းကမ်းနဲ့အညီ​နေ​ပေါ့။ အတတ်နိုင်ဆုံး။ တကယ်လို့မှဖြစ်ပြီဆိုလည်း မစိုးရိမ်နဲ့။ အ​​ဒေါ်​တွေလည်း ဆီးချို​တွေရှိပြီး positiveသူတို့​ဆေးရုံတက်​နေတုန်း ကိုယ်ကလည်း positive ​တွေ့ပြီအ​ဒေါ်​တွေကလည်းဒီလိုဖြစ်ဆို​တော့ ကိုယ်ဟာကိုယ်တာမပူနိုင်ဘူး။ ဒါ​ပေမဲ့လည်း အချိန်တန်​တော့ သူဟာသူ​ဆေးရုံပြန်ဆင်းသွားတယ်။ ဒါ​ပေမဲ့လည်း မထင်မှတ်ထားတဲ့သူ​တွေကလည်း အရက်မ​သောက်ကွမ်းမစားတဲ့သူ​တွေ က ဟိုဟာဖြစ်

တယ်ဆို​တော့ရှင်းရှင်း​ပြောရင်ဒီ​ရောဂါကြီးထဲမှာစိတ်မ​ကောင်းဘူး။

​သွေးရည်ကြည်လှူဒါန်း​တော့လိုအပ်ချက်​လေး​တွေများပြင်စရာ​လေး​တွေများရှိခဲ့ရင်အကြံပြု​ပေးပါအုံး။

​အားလုံးအဆင်​ပြေပါတယ်။ရှင်းရှင်း​ပြောရရင်ကျန်းမာ​ရေးဝန်ထမ်း​တွေလည်းသူဟာနဲ့သူအကုန်လုံးဝိုင်းပြီးလုပ်ကြတယ်။အဓိကက COVID ဖြစ်ပြီးပြန်လာရင်လည်း ကိုယ်ဟာနဲ့ကိုယ်ကျန်းမာ​ရေး​ကောင်း​အောင်​​နေမယ်။​နောက်ပြီး​တော့ ​သွေးရည်ကြည်လှူလို့ရ​အောင်ကျန်းမာ​ရေးဝန်ကြီး ဌာနကချမှတ်ထားတဲ့အိပ်​ရေးဝ​အောင် အစားများများစား ​ကောင်း​ကောင်းမွန်မွန်​နေပြီးဒီမှာ​သွေးလာစစ်။ လှူလို့ရရင်လှူကြပါ။ကိုယ့်ရဲ့​ထုတ်လိုက်တဲ့သွေးရည်ကြည်နဲ့​နောက်လူကိုအသက်ရှင်ခွင့်ရမယ်ဆိုရင်ကုသိုလ်လည်းအများကြီးရတယ်။