သွေးရည်ကြည်အလှူရှင်များ၏ စကားသံ Part (3)

COVID ကာလမှာ Work From Home ပဲ အလုပ်အလုပ်နေရတာလား အစ်ကို။

ကျွန်တော် က Work From Home ဆိုတော့ အလုပ်က ကျွန်တော်ကို နားရက်ပေးပါတယ်။ ကျွန်တော်တစ်လကျော်လောက်အထိအလုပ်မတက်ဖြစ်ဘူး။

Plasma Program အကြောင်းကိုဘယ်ကစသိ?

ကျွန်တော်တို့ ဘဏ်က အစ်မတစ်ယောက်က အကြံပေးတာပါ။ ဒီလိုမျိုး သွေးရည်ကြည်လှူဖို့ Page တွေရှိတယ် တစ်ချက်စုံစမ်းကြည့်ဆိုလို့ အကြံပေးရင်းသိခဲ့ရတာပါ။

Plasma Donation Program အကြောင်းကိုပေါ့ အစ်ကိုတို့ Quarantine Center မှာကြားခဲ့ရလား။

မကြားခဲ့ရပါဘူး ခင်ဗျ။ အကုန်လုံးပြီး ပြန်ထွက်လာတော့မှ ဒီလိုမျိုးလှူလို့ရတယ် ဆိုတာသိရတာပါ။

Plasma လှူပြီး ဘယ်လိုပြန်သုံးလဲဆိုတာ ကြားဖူးထားလား အစ်ကို။

ကျွန်တော်ကြားထားတာတော့ COVID ဖြစ်နေတဲ့လူနာကို သက်သာအောင် ထိုးပေးတယ်လို့တော့ကြားတယ်။

Plasma လှူချင်စိတ်ဖြစ်အောင် ဘာတွေက အစ်ကိုကို တွန်းအားပေးနေခဲ့လဲ။

Quarantine Center မှာကျွန်တော်နေခဲ့ရတယ် အဖြစ်တွေ၊ မသက်သာတာတွေမြင်တော့ အခုလိုမျိုး Covid ဖြစ်နေတဲ့သူကို သွေးရည်ကြည်လှူပြီး သက်သာအောင်လုပ်လို့ရတယ်ဆိုလို လာလှူဖြစ်သွားတာပါ။

ဆေးရုံမှာရော အခုလို သွေးရည်ကြည် လက်ခံပြီး ပြန်ကောင်းသွားတာမျိုး အစ်ကို မြင်ဖူးလား။

မမြင်ဖူးပါဘူး။ ဒါပေမယ့် ကျွန်တော့်တို့ သွေးရည်ကြည်ကို သုံးပြီး လူနာတွေကိုသက်သာအောင် လုပ်လို့ရတယ်ဆိုလို့ လာလှူတာပါ။

Quarantine Center ဘယ်မှာနေခဲ့ရလဲ။

AYA မှာပါ ခင်ဗျ။ နေရတာတော့ အဆင်ပြေပါတယ်။

အဲ့ Quarantine Center မှာပေါ့နော် COVID ဖြစ်ပြီးဆိုးဆိုးရွားရွား ခံစားနေရတဲ့ လူနာမျိုး အစ်ကို တွေ့ခဲ့ရလား။

ချောင်းအရမ်းဆိုးနေတာပေါ့နော်။ မရပ်မနား ချောင်းတွေဆိုးပြီး လူကပင်ပန်း လှဲပဲလှဲနေရတဲ့ အခြေအနေမျိုးကို မြင်ခဲ့ရပါတယ်။လူကြီးပိုင်းတွေပိုများတယ် လူငယ်တွေကတော့ အေးအေးဆေးဆေးပါပဲ။

အစ်ကိုရော ဘယ်လိုတွေခံစားခဲ့ရလဲ။

ရောဂါအခံမရှိပဲ မောတာ နှလုံးကအားမရှိသလိုခံစားရတယ်။ လူကလည်း နေမကောင်းပဲ ကိုယ်တွေပူနေတာ။

COVID positive ဘယ်တုန်းကစဖြစ်တာလဲ။

၉လပိုင်းကစဖြစ်တာပါ။

ဘယ်ကစဖြစ်တယ်လို့ အစ်ကိုထင်လဲ။

ကျွန်တော်လည်း ဂရုစိုက်တာပဲ ဒါပေမယ့် ဘဏ်မှာအလုပ်လုပ်ရတာဆိုတော့ ဘယ်ကစပြီး ကူးသွားလဲတော့မသိဘူးပေါ့နော်။ အစ်ကို စစချင်းကတော့ နေမကောင်းစဖြစ်တာပဲ။

အပြင်တွေထွက်ပြီးအလုပ်လုပ်တဲ့လူငယ်တွေအတွက် COVID မဖြစ်အောင် ကာကွယ်ရန် ဘာတွေမှာချင်လဲအစ်ကို။

အဓိကကတော့ Mask တွေသေချာတပ်ပါ။ လက်ကို‌လည်း ခဏခဏဆေးပါ။ ဖြစ်ပြီးသွားပြီးမှာတော့ ခံနိုင်ရည်ရှိလား မရှိဘူးလားဆိုတာ မသိနိုင်ဘူးဆိုတော့၊ မဖြစ်တာအကောင်းဆုံးပါပဲ။

Plasma Program အတွက်အကြံပေးချင်တာရှိရန် ပြောပါ အစ်ကို။

ကျွန်တော်တို့ကိုဘာမှလိုလေးသေး မရှိအောင်လုပ်ပေးတဲ့အတွက် အဆင်ပြေပါတယ်။ နောက်တစ်ခါလည်းလာလှူလို့ရပါတယ်။

အရင်တုန်းက သွေးလှူဖူးလား။

ဒါပထမဆုံး သွေးလှူတာပါ။