သွေးရည်ကြည်အလှူရှင်များ၏ စကားသံ Part (4)

​သွေးလှူဖူးပါသလား?

​လွန်ခဲ့တဲ့၁၀နှစ်​​ကျော်လောက်ကခဏခဏလှူဖူးတယ်။

သွေးရည်ကြည်လှူတဲ့အ​ကြောင်းကိုဘယ်မှာစသိခဲ့တာလဲ?

​Facebook post တစ်ခုမှာ COVID positive ဖြစ်သွားရင်​သွေးရည်ကြည်ကုထုံးအတွက်ပြန်လှူလို့ရတယ်ဆိုတာ​တွေ့ပါတယ်။ ဖုန်းနံပါတ်၂လုံး​ပေးထား​တော့ဆက်လိုက်ပြီး ​ရောက်လာတာပါ။

​Online Booking နဲ့ register လုပ်တာလား?

​မဟုတ်ဘူးဗျ ဖုန်းနဲ့ပဲလှမ်းချိတ်တာပါ။

​သွေးရည်ကြည်လှူဖို့ဘာ​တွေပြင်ဆင်ခဲ့ရလဲ?

​မလှူခင်က​တော့ result ​စောင့်တာ​ပေါ့။ result သိပြီးမှ ​​သွေးလှူရမယ်ဆို​တော့ ပိုဂရုစိုက်တယ်။ အိပ်​ရေးဝဝအိပ်တယ်။ ​နောက်ပြီး​တော့အား​ဆေး​တွေပို​သောက်ဖြစ်တယ်။ ဖုန်းဆက်​တော့ချက်ချင်းလာလှူဖြစ်လိုက်တယ်။

​လှူ​နေတဲ့အချိန်မှာဘယ်လိုခံစားရလဲ?

​လှူ​နေတုန်းမှာ​​တော့ ​သွေးကဝင်လိုက်ထွက်လိုက်နဲ့ မြင်တယ်။ ပုံမှန်​သွေးလှူတာနဲ့မတူ​တော့ နည်းနည်းပိုပြီးပီတိဖြစ်တာ​ပေါ့​နော်။ အရင်ကကိုယ့်​သွေးကပုံမှန်လူကိုလှူ​တော့ပြဿနာမရှိဘူး​ပေါ့​။ အခုက COVID ​ရောဂါသည်ကိုလှူမှာဆို​တော့ ​ရောဂါပြင်းထန်​​နေတဲ့လူကို ကိုယ့်​သွေးနဲ့အသက်ကယ်နိုင်ခဲ့ရင်ဆိုပြီး အရင်ထက်ပီတိဖြစ်ပါတယ်။ ကိုယ့်​သွေးရည်ကြည်ကိုကြည့်ပြီး စိတ်ထဲမှာတစ်မျိုးခံစားရပါတယ်။ အရင်က​သွေးလှူတာ၅မိနစ်၁၀မိနစ်ပဲ အခုက၁နာရီ​လောက်ဆို​တော့ နည်းနည်းပို feeling ဖြစ်တာ​ပေါ့။

​ဒီလို plasma လှူလို့ရတယ်ဆိုတာသိတဲ့အချိန်မှာ သွားလှူချင်လာ​အောင် ဘာကတွန်းအား​ပေးခဲ့လဲ?

​​​သွေးရည်ကြည်လှူ​တော့ ​ရောဂါပြင်းထန်တဲ့လူရဲ့အသက်ကိုကယ်နိုင်တယ်ဆိုတဲ့စိတ်​ပေါ့​​နော်။ ​ဒေါက်တာရဲမြတို့​ကလည်း ဒီအ​ကြောင်း​တွေစာ​ရေးတာကို သတင်း​တွေ post ​တွေမှာမြင်ရတယ်။ လှူသင့်တယ်ဆိုတာလည်းတိုက်တွန်းထားတာ​တွေ့​တော့ ကိုယ်လည်း positive ဖြစ်ပြီဆိုကျန်းကျန်းမာမာအိမ်ပြန်နိုင်ရင်သွားလှူမယ်လို့စဥ်းစားထားပြီးသားပါ။

​covidဖြစ်နေတုန်းကရောQ centreမှာနေခဲ့ရသေးလား?

​work from home လုပ်ရင်းနဲ့အနံ့ပျောက်သွားတာ။ကိုယ့်ကို သံသယရှိတော့ မြို့နယ်ရုံးကိုဖုန်းဆက်ပြီးသူတို့က လာခေါ်ပြီး ကိုယ့်မြို့နယ်က Q centre ကိုပဲပို့ပေးတယ် results ထွက်တော့ အောင်မြင့်မိုရ်ကိုပို့လိုက်တယ် အဲဒီမှာ ၉ ရက်လောက်ကြာတယ်။

​results positive ဖြစ်တယ့်အချိန်မိသားစုအတွက်စိတ်ပူတာတွေရှိလား? ဘယ်လိုပြင်ဆင်ခဲ့လဲ?

​အသက်ရှူလည်းနည်းနည်းကြပ်တာနဲ့ အနံ့ပျောက်တာသိတာနဲ့ Q centre တန်းသွားပါတယ်။ အဲဒီမတိုင်ခင် ကိုယ့်အခန်းထဲပဲနေပြီး contact မဖြစ်အောင်နေတယ်။ အိမ်မှာအဖေအမေ တော့ lockdown ချလိုက်တယ်။ ကိုယ့်ကို positive ထွက်မှာသိတော့ ကြိုပြင်ဆင်ထားတော့ဘာမှသိပ်မဖြစ်ပါဘူး။အသက်ရှူလေ့ကျင့်ခန်းလုပ်။ဖုန်းနဲ့အိမ်ကိုတောက်လျှောက်ပြော။

​Q centre သွားဖို့ကြောက်တယ့်လူကို ဘယ်လိုအကြံပေးစကားပြောချင်ပါသလဲ?

အိမ်မှာ​နေရင် အခု​သေနှုန်း​တွေကအကိုသိသ​လောက်ဆိုလွန်မှ​ရောက်လာတဲ့လူ​တွေပိုများတယ်။ အိမ်မှာကြိတ်ကုရင်းနဲ့။ အမှန်​တော့အဲ့ဒါ​တွေက အိမ်မှာမ​နေဘဲသွားလိုက်မှနည်းနည်း​တော့ အလုပ်ပြတ်တာ​ပေါ့။အိမ်ကလူ​တွေအတွက်လည်း​ကောင်းတယ်။အဲ့ဒါ​ကြောင့်မို့ Q centre သွားမယ့်ကိစ္စကိုမ​ကြောက်​စေချင်ဘူး။ အဆင်မ​ပြေတာ​တွေရှိရင်လည်းပဲဒီလိုပဲလက်ခံလိုက်ရင်​နေလို့ရမယ်ထင်တယ်။

​Plasma program အ​ကြောင်းကိုလည်း Q centre မှာကြားခဲ့ဖူးလား?

​ဟုတ်တယ်။ facebook မှာ လည်း post ကို​တွေ့တယ်။သတင်း​တွေမှာလည်း​သွေးရည်ကြည်ကိုဆရာကြီးဦးရဲမြတို့လုပ်ကြတယ်ဆိုတာကိုကြားတယ်။ကြားကတည်းက စိတ်ဝင်စားတယ်။

သွေးရည်ကြည်လှူတာစာရင်း​ပေးတာက အစ လှူပြီးတဲ့အထိ ဘယ်လို ခံစားရလဲ။ အကြံပြုချက်များရှိလား။ လိုအပ်တာများရှိမလား?

​သွေးစစ်ဖို့ဒီကိုလာတာအစ​သွေးလှူပြီးတဲ့အထိတစ်စက်မှအပြစ်​ပြောစရာမရှိဘူး။ နားမလည်ရင်နားလည်​အောင်လုပ်​ပေးတယ်။တစ်ခု​တော့ရှိတယ်သူတို့လည်း 24hrs run ​နေတဲ့လူဖြစ်​တော့တစ်ခါတစ်​လေမှာပင်ပန်းတာနဲ့စိတ်မရှည်တာ​တွေရှိလိမ့်မယ်စကား​ပြောတာအဆင်မ​ပြေတာဖြစ်​ကောင်းဖြစ်လိမ့်မယ်။ ဒါ​ပေမဲ့ကိုယ်ထိုင်ကြည့်​ပေးမယ်ဆိုနားလည်လို့ရတယ်။

COVID ဖြစ်ပြီး လူ​တွေ Plasma ကို လှူသင့်လားမလှူသင့်ဘူးလားဆိုတာကိုအကို အ​နေနဲ့​အကြုံပြုချက်​လေးပြော​ပေးပါ။

​အကိုအ​နေနဲ့လှူသင့်တယ်။ ဘာလို့လဲဆို​တော့ ​သွေးရည်ကြည်ကုထုံးကလည်းတခြားသူကိုကုလိုက်​တော့ ​တော်​တော်ပြန်အဆင်​ပြေလာတာ​တွေ့ရတယ်။ ဒီ positive ဖြစ်တဲ့သူတိုင်းကလာလှူလို့ရတာမဟုတ်ဘူး antibody ကလည်းထွက်အုံးမှတခြား​ရောဂါကလည်းကင်းအုံးမှဆို​တော့ဒီမှာရတဲ့နှုန်းကပုံမှန်လိုအပ်ချက်​လောက်ပြည့်မှီလားဆို​တာ​တော့ အကို မသိဘူးဒါ​ပေမဲ့ positive ဖြစ်ပြီး အကုန်လာလှူရင် လာလှူတဲ့​သူ​တွေထဲမှ ပြန်စစ်ထုတ်လိုက်ရင်ပိုပြီး effective ဖြစ်မယ်ထင်တယ်အခုကလာလှူတဲ့သူကနည်း​တော့တချို့​သွေးရည်ကြည်​တွေက qualify ဖြစ်ချင်မှဖြစ်မှာ​လေ လှူတဲ့သူများမှ choice ပိုများမှာ​လေ။ပိုပြီး​တော့​ကောင်းတဲ့ဟာကိုလူနာ​တွေကို​ပေးနိုင်မယ်လို့ထင်ပါတယ်။ဒါ​ကြောင့် positive ဖြစ်ပြီး​တော့ ကိုယ်လည်းကျန်းမာ​ရေး​ကောင်းတယ်ဆိုရင်သတ်မှတ်ထားတဲ့အရည်ချင်းနဲ့ပြည့်ရင်လှူသင့်တဲ့လို့ထင်တယ်။