သွေးလှူခြင်းဖြင့် လူ့အသက်ပေါင်း ၂.၄ သန်းခန့် ကယ်တင်ခဲ့သူ၊ ရွှေလက်ပိုင်ရှင် James Harrison

အားလုံးပဲ မင်္ဂလာပါ။


အခု​ပြောပြပေးသွားမယ့် အ​ကြောင်းအရာက​တော့ သွေးလှူခြင်းဖြင့် ကလေး ၂.၄ သန်း ရဲ့ အသက်ကိုကယ်တင်နိုင်ခဲ့သူ (သို့) ရွှေလက် ပိုင်ရှင် James Harrison အ​ကြောင်း​လေးပါ။


ဩစတြေးလျ နိုင်ငံသား James Harrison ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မှာ မွေးခဲ့ပါတယ်။ James တစ်ယောက်ဟာ အသက် ၁၄ နှစ် အရွယ်မှာ ရင်ဘက်ဖွင့်ခွဲစိတ်မှု တစ်ခု လုပ်ခဲ့ရပြီး အရေးတကြီး သွေး လိုအပ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ သွေးအလှူရှင် ရှိခဲ့လို့ အသက်ဘေးကနေ လက်မ တင်လေး လွတ်ခဲ့ပါတယ်။ အဲ့ဒီ့နေ့က စ ပြီး သူ ဆုံးဖြတ်လိုက်တာက သွေးလှူ ဖို့ အသက်ပြည့်ပြီဆိုတာနဲ့ သွေး သွားလှူမယ်ဆိုတာ ပါပဲ။


“ကျွန်တော် အသက် ၁၃ နှစ်တုန်းက အကြီးစား ခွဲစိတ်မှု တစ်ခု လုပ်ခဲ့ရတယ်။ ခွဲစိတ်မှုလုပ်ရင်း သွေးအရမ်းလိုအပ်တော့ သွေးသွင်းခဲ့ရတယ်။ ကျွန်တော်နဲ့ မသိတဲ့ လူတွေဆီက သွေး နဲ့ ကျွန်တော် အသက် ဆက်ခဲ့ရတာပါ။ အဲ့ဒီ့အချိန်ကစပြီး ကျွန်တော် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ ဒါကတော့ ကျွန်တော် လည်း သွေးလှူရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုတာပါပဲ။”


James Harrison ဟာ သူ့ အသက် ၁၈နှစ်ပြည့်ပြီးတာနဲ့ သွေး ပုံမှန် လှူဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၅၄ ခုနှစ်မှာ သူ သွေးသွားလှူတော့ သူ့သွေးထဲမှာ Anti Rh-D antibodies ပါမှန်း သိလိုက်ရတယ်။ Anti Rh-D antibodies ဆိုတာ အချို့ သော သွေးရောဂါတွေရဲ့ ကုသရေး နဲ့ ကာကွယ်ရေးမှာ အရမ်းကို အရေးပါလှတဲ့ ကိုယ်ခံအား ပရိုတိန်းလေးပါ။ အထူးသဖြင့် မွေးကင်းစကလေးတွေမှာဖြစ်ရင် သွေး အရမ်း သွင်းရတတ်တဲ့ HDN (Hemolytic disease of newborn) လို့ ခေါ်တဲ့ ရောဂါမျိုးမှာပေါ့။


HDN ဘာကြောင့် ဖြစ်တတ်သလဲဆိုတာကို အသေးစိတ်ဖတ်ရှုချင်ရင်တော့ အောက်က လင့်ခ်မှာ ဝင်ပြီးဖတ်လို့ ရပါတယ်။


https://www.facebook.com/104491637996583/posts/162762018836211/


Anti Rh-D antibodies ပိုင်ရှင် James Harrison ဟာ သူ့ အသက် ၈၁ နှစ်မှာ အကြိမ်ပေါင်း ၁၁၇၃ ကြိမ်မြောက်နဲ့ နောက်ဆုံး အကြိမ်အဖြစ် သွေးလှူ ခဲ့ပါတယ်။ သူ သွေးလှူခဲ့တာ နှစ်ခြောက်ဆယ်ကျော် ရှိပြီဖြစ်လို့ သူ ကယ်ခဲ့တဲ့ အသက်ပေါင်း ၂.၄ သန်းခန့်ရှိနေပါပြီ။


“ကျွန်တော့်ကို ကျွန်တော် ထူးခြားတဲ့သူတစ်ယောက်လို့ မသတ်မှတ်ထားပါဘူး။ လူတိုင်းဟာ သွေးလှူရှင်တွေ ဖြစ်နိုင်တယ်၊ သွေးလှူပြီးတော့ လူ့ အသက်ကို ကယ်နိုင်စွမ်းရှိပါတယ်ဗျ။”


James Harrison လောက် အကြိမ်ရေများစွာ လှူနိုင်မယ့်သူတော့ ပေါ်ထွက်လာဖို့ ရှားပေမယ့် သွေးလှူပြီးတော့ လူ့ အသက်ကယ်နိုင်မယ့်သူကတော့ ရှိကိုရှိနေပါတယ်။


ကဲ… ဒီတော့ သင်ရော သွေး လှူဖူးပါ သလား? လှူဖူးရင်ရော ဘယ်နှစ်ကြိမ် လှူပြီးပါပြီလဲ? comment မှာ ဝင်ရေးသွားရင်း နဲ့ ကိုယ် လှူဖူးတဲ့ အသက်ဒါန တွေအကြောင်း ကို မျှဝေပေးပါဦးနော်။


Online Booking စနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


#RedRoseCampaign


reference: https://www.washingtonpost.com/…/for-six-decades-the-man-w…/