သွေးလှူတာနဲ့ ပတ်သက်ပြီး သိချင်တာတွေ မေးကြမယ်။ (Red Rose Campaign အမေးအဖြေကဏ္ဍ)

အားလုံးပဲ မင်္ဂလာပါ။


ဒီတစ်ခါမှာတော့ Red Rose Campaign page ကို လာရောက်မေးမြန်းကြတဲ့ မေးခွန်းတွေထဲက အမေးများတဲ့ မေးခွန်းလေးတွေကို ရွေးချယ်ပြီး ဖြေပေးမှာ ဖြစ်ပါတယ်။ အားလုံးအတွက် အထောက်အကူဖြစ်စေမယ်လို့လည်း မျှော်လင့်ပါတယ်။


နောက်ထပ် သွေးလှူဒါန်းတာနဲ့ ပတ်သက်ပြီး သိချင်တဲ့ မေးခွန်းလေးတွေရှိသေးရင်လည်း ဒီ post အောက်မှာ (သို့) page chatbox မှာ လာရောက်မေးမြန်းနိုင်ပါတယ်။


Online Bookingစနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


သွေးလှူရှင် နှင့် သွေးလက်ခံသူ နှစ်ဦး နှစ်ဖက်လုံးအတွက် အန္တရာယ်ကင်းစေရန် သွေးလှူမည့်သူသည် ၅ နှစ်အတွင်း ကင်ဆာရောဂါရှိဖူးသူ မဖြစ်ရပါ။ ထို့အပြင် သွေးကင်ဆာရောဂါရှင်များသည်လည်း ကုသပြီး ရောဂါ ပျောက်ကင်းသွားပါက သွေးလှူ၍ မရပါ။


မိမိကိုယ်တိုင် အမျိုးသားသွေးဌာနသို့ သွားရောက်၍သော်လည်းကောင်း၊ Online မှသော်လည်းကောင်း booking ပြုလုပ်ကာ သွေးလှူဒါန်းနိုင်ပါတယ်။ သို့သော် COVID-19 ကာလတွင် မလိုအပ်ပဲ လူစုလူဝေးမဖြစ်ပေါ်စေရန် မိမိအိမ်မှတစ်ဆင့် အမျိုးသားသွေးဌာန၏ online booking တွင်သာ ဝင်ရောက်စာရင်းပေးကြပါရန် အကြံပြုအပ်ပါသည်။


Online Booking စနစ်ဖြင့် သွေးလှူလိုပါက -

https://www.donatebloodmyanmar.org/booking


Online Booking ဖြင့် စာရင်းပေးသွင်းနည်း အဆင့်ဆင့် -

http://bit.do/rrconlinebookingprocedure


သွေးပေါင်ချိန် အတက်အကျ ပုံမှန်မဟုတ်ခြင်း၊ မိမိရောဂါအား နည်းစနစ်မှန်ကန်စွာ ကုသမှုခံယူခြင်းမရှိပါက သွေးလှူဒါန်းခွင့်မပြုပါ။ မိမိ ရောဂါအခြေအနေကို ကောင်းစွာ ထိန်းကျောင်းနိုင်သော အနေအထားတွင် ရှိပြီး ကျန်းမာရေးကောင်းမွန်ပါက သွေးလှူဒါန်းနိုင်ပါတယ်။


လှူဒါန်းလိုက်တဲ့ သွေးမှာရောဂါပိုးတွေ့ရှိပါက ထိုသွေးကို လူနာအတွက် အသုံးမပြုပါ။ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ waste disposal guideline (စွန့်ပစ်နည်း လမ်းညွှန်ချက်) နှင့်အညီရောဂါပိုးရှိသောသွေးကို စနစ်တကျ စွန့်ပစ်ပါတယ်။ ထိုသွေးပိုင်ရှင်ကိုလည်း နောက်တစ်ကြိမ် လာရောက်လှူဒါန်းချိန်တွင် ရောဂါပိုးတွေ့ရှိကြောင်း အသိပေးပါတယ်။


သွေးလှူဒါန်းဖို့ ကျန်းမာရေးထောက်ခံချက် နှင့် ဆေးမှတ်တမ်းများ ယူဆောင်လာရန် မလိုအပ်ပါ။ သွေးမလှူခင် ဖြည့်စွက်ရန် form တွင် မိမိ၏အမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ သွေးအမျိုးအစားနှင့် အခြားရောဂါရာဇ၀င်ရှိ/မရှိကို မခြွင်းမချန်ပဲ မှန်ကန်စွာဖြည့်စွက်ပေးလျှင် ရပါပြီ။


သွေးတွင်း haemoglobin အရေအတွက် နည်းနေပါက သွေးအားကောင်းလာစေရန် - ၁။ သံဓါတ်ပါသော ဟင်းသီးဟင်းရွက်၊ အသားငါးများ စားသုံးခြင်း၊ ၂။ ဖောလစ်အက်စစ် (folic acid) ပါဝင်သောသံဓာတ် အားဖြည့်ဆေးသောက်သုံးခြင်း၊ ၃။ သံဓာတ်စုပ်ယူမှု ပိုကောင်းလာစေရန် ဗီတာမင် စီ (Vitamin C) ကြွယ်ဝသော အစားအစာ၊ အားဆေးများ သောက်သုံးပေးခြင်း၊ ၄။ ပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ၅။ သံဓာတ်စုပ်ယူမှုကို ဟန့်တားစေသော လက်ဖက်ရည်အကြမ်း (သို့) အခါး၊ လက်ဖက်သုပ်၊ ကော်ဖီ၊ နွားနို့၊ ပဋိဇီဝဆေးများကို သံဓာတ် အားဖြည့်ဆေး၊ သံဓာတ် ပြည့်ဝသော အစာများနှင့် တွဲဖက် စားသုံးခြင်း မပြုရပါ။ ***မွေးရာပါ သွေးအားနည်းရောဂါ ရှိသူများ သည် သွေးလှူ၍ မရနိုင်ပါ။*** Haemoglobin: Haemoglobin ဆိုသည်မှာ အောက်စီဂျင်ကို ပို့ဆောင်ပေးသော သံဓာတ်ပါဝင်သည့် သွေးနီဥ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။


သွေးလှူမယ်ဆိုရင်

နေရာ - အမျိုးသားသွေးလှူဘဏ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ ရန်ကုန်မြို့။

အချိန် - နေ့စဉ် မနက် ၇:၃၀ မှ ညနေ ၇:၃၀အတွင်း လှူနိုင်ပါတယ်။


www.donatebloodmyanmar.org” ဆိုတဲ့ website ကနေ အဆင့် (၃) ဆင့်တည်းနဲ့ online booking လုပ်နိုင်ပါတယ်။ ဖော်ပြထားတဲ့ QR code ကို scan လုပ်၍လည်း website ကိုဝင်ရောက်နိုင်ပါတယ်။ Online Booking ဖြင့် စာရင်းပေးသွင်းနည်း အဆင့်ဆင့် - http://bit.do/rrconlinebookingprocedure online booking ကို အောင်မြင်စွာ လုပ်ဆောင်ပြီးရင်တော့ စာရင်းပေးသွင်းပြီးကြောင်းကိုလည်း email မှတစ်ဆင့် ချက်ချင်းပြန်လည် အကြောင်းပြန်ပေးမှာပဲဖြစ်ပါတယ်။ သွေးလှူရန် booking တင်တဲ့အခါ အခက်အခဲ တစ်စုံတစ်ရာရှိပါက Red Rose Campaign Facebook Page ရဲ့ chatbox မှာ လာရောက် မေးမြန်းနိုင်ပါတယ်။ Online booking စနစ်ဖြင့် စာရင်းပေးသွင်းခြင်းသည် လူအများနှင့် ထိတွေ့စရာမလိုတဲ့အပြင် သွေးလှူဒါန်းရန် စောင့်ဆိုင်းရတဲ့အချိန် လျော့နည်းစေပါတယ်။ ဒါကြောင့် သွေးလှူဒါန်းချိန်နှင့် သွေးလက်ခံချိန်များတွင် သွေးလှူရှင်သာမက ကျန်းမာရေးဝန်ထမ်းများကိုပါ social distancing စည်းမျဉ်းများကို ပိုမိုတိကျစွာ လိုက်နာနိုင်ရန် အထောက်အကူဖြစ်စေပါတယ်။


သွေးလှူဒါန်းလိုသူများသည် အခြေခံအားဖြင့် ၁။ အသက် ၁၈ နှစ်မှ ၅၅ နှစ်အတွင်း ကျန်းမာပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်ချနိုင်သူ၊ မိမိဆန္ဒအလျောက် လာရောက်လှူဒါန်းသူဖြစ်ရပါမယ်။ ၂။ အမျိုးသားဆိုရင် အနည်းဆုံး ပေါင် ၁၁၀၊ အမျိုးသမီးဆိုရင် ပေါင် ၁၀၀ အနည်းဆုံးရှိသူ ဖြစ်ရပါမယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးယူရန် ဆုံးဖြတ်ထားသူများအနေနှင့်လည်း သွေးလှူခြင်းသည်းခံပေးပါရှင်။ အသေးစိတ်သိရှိလိုပါက အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ bit.ly/factsonblooddonation


Covid-19 ကာလအတွင်း အမျိုးသားသွေးဌာနတွင် - ၁။ online booking စနစ်ဖြင့် သွေးလှူရှင် တစ်ယောက်ချင်းစီအတွက် သီးသန့်အချိန်တစ်ခုတွင် သွေးလှူဒါန်းနိုင်ရန် စီစဉ်ပေးခြင်း၊ ၂။ စနစ်တကျ ကြပ်မတ်ထားသော social distancing စည်းမျဉ်းများထားရှိခြင်း၊ ၃။ တစ်ခါသုံး (သို့) ပိုးသတ်ပြီးသား ပစ္စည်းကိရိယာများကိုသာ အသုံးပြုခြင်း၊ ၄။ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း နှင့် ခရီးသွားရာဇဝင်ရှိပါက သွေးလှူဒါန်းခြင်းအား ခေတ္တတားမြစ်ထားခြင်း၊ ၅။ သွေးလှူရှင်များနှင့် ထိတွေ့ဆက်ဆံနေရသော ဝန်ထမ်းများသည် အမျိုးသားသွေးဌာနတွင်သာ နေထိုင်ကြပြီး ပြင်ပသို့သွားလာခြင်း မရှိပါ။ အပြင်သွားလိုလျှင် အမျိုးသားသွေးဌာနမှ စီစဉ်ပေးခြင်း၊ ၆။ အမျိုးသားသွေးဌာနအတွင်းသို့ မဖြစ်မနေဆောင်ရွက်ရသော equipment servicing နှင့် maintenance လုပ်ပေးသူများမှ လွဲ၍ ဝန်ထမ်းများအားလုံးကို အသွားအလာ ကန့်သတ်ထားခြင်း၊ ၇။ ယခုလို ဝန်ဆောင်မှုပေးရန် လာရောက်သော တာဝန်ရှိသူများကိုလည်းကောင်း၊ သွေးလာရောက်လှူဒါန်းသူများကိုလည်းကောင်း လွန်ခဲ့သောတစ်လအတွင်းရှိ ကျန်းမာရေးအခြေအနေနှင့် ခရီးသွားရာဇဝင်ကို ကြိုတင်စစ်မေးပြီးမှ ဝင်ခွင့်ပေးခြင်း၊ ၈။ အမျိုးသားသွေးဌာနသို့ သွေးလှူဒါန်းရန် လာရောက်သူများအား mask မတပ်လာလျှင် လှူဒါန်းခွင့်မပြုခြင်း၊ ၉။ လက်သန့်ဆေးရည်နှင့် ပိုးသတ်ဆေးများကိုလည်း နေရာအနှံ့ထားပေးထားခြင်း၊ ၁၀။ အမျိုးသားသွေးဌာနသို့ မဝင်ရောက်မီ အဖျားတိုင်းကာ လက် နှင့် မိမိဝတ်လာသော ဖိနပ်မှ အစ ပိုးသတ်ပေးခြင်း၊ ၁၁။ သွေးလှူဒါန်းသည့် အဆင့်တိုင်းတွင် လူတစ်ဦးနှင့် တစ်ဦးကြားသည် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အကွာအဝေးရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ထားခြင်း၊ ၁၂။ လူစုလူဝေးဖြစ်စေမည့် နေရာတိုင်းတွင်လည်း လေဝင်လေထွက်ကောင်းစေရန် ဂရုပြုကာ သွေးလှူရှင်များ လုံခြုံစိတ်ချရစေရန်၊ အန္တရာယ်နည်းနိုင်သမျှနည်းအောင် စီမံထားခြင်း၊ ၁၃။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်သည့် ကြိုတင်ကာကွယ်ရေးနည်းအသစ်များကိုလည်း မျက်ခြေမပြတ် ထည့်သွင်းလုပ်ဆောင်ခြင်း၊ အစရှိသော ကြိုတင်ကာကွယ်မှု နည်းလမ်းများကို ဆောင်ရွက်နေသောကြောင့် လုံခြုံစိတ်ချစွာ သွေးလာရောက် လှူဒါန်းနိုင်ပါတယ်။


#RedRoseCampaign