သွေးလှူဒါန်းခြင်းကြောင့် ဘာကောင်းကျိုးတွေရလာနိုင်လဲ?

အားလုံးပဲ မင်္ဂလာပါ။


အရင်တစ်ခါက သွေးလှူခြင်းကြောင့်ဘာအကျိုးတွေရမလဲဆိုတာကိုပြောပြတဲ့ post လေးတင်ထားပြီးပြီဆိုတော့ ဒီတစ်ခါ အပိုင်း (၂) အနေနဲ့ anti-cancer (ကင်ဆာဖြစ်နှုန်းကိုလျှော့ချပေးခြင်း) နဲ့ weight loss (ကယ်လိုရီလောင်ကျွမ်းခြင်းကြောင့် ဝိတ်ကျစေခြင်း) ဆိုတဲ့ နှစ်ချက်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။


Online Booking စနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။" "A drop of blood for you, a hope of a lifetime for them."


#RedRoseCampaign


Ref:

https://www.stmaryskc.com/…/health-benefits-of-donating-bl…/


သွေးလှူဒါန်းခြင်းဖြင့်ကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်။


သွေးထဲမှာသံဓာတ်တွေများလာတဲ့အခါ ပိုလျှံနေတဲ့သံဓာတ်တွေကို ကိုယ်တွင်းအင်္ဂါတွေမှာ သိုလှောင်ထားတဲ့အတွက် နှလုံးနှင့်အသည်းရောဂါများကိုဖြစ်ပွားစေနိုင်ကြောင်း အရင်အပတ်က ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ပိုလျှံနေတဲ့သံဓာတ်တွေကခန္ဓာကိုယ်မှာ ဓာတ်တိုးခြင်းကို ဖြစ်စေတာကြောင့် ဆဲလ်တွေကိုပျက်စီးစေပြီး အိုမင်းရင့်ရော်ခြင်းနှင့် ကင်ဆာရောဂါဖြစ်ပွားမှုကို မြင့်မားစေနိုင်ပါတယ်။


သွေးလှူလိုက်တဲ့အခါမှာ ခန္ဓာကိုယ်ထဲက ပိုနေတဲ့သံဓာတ်တွေ လျော့နည်းသွားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ နည်းသွားပါတယ်။ လေ့လာချက်များအရ လူပေါင်း ၁၂၀၀ ကို ၂ အုပ်စုခွဲပြီး ၄ နှစ်ခွဲလေ့လာခဲ့ရာ တစ်နှစ်ကို သွေးနှစ်ကြိမ်လှူဒါန်းတဲ့အုပ်စုက ကင်ဆာရောဂါဖြစ်ပွားနိုင်ချေနှင့် ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ချေ ပိုမိုနည်းပါးတာကို တွေ့ရပါတယ်။


ဒါကြောင့်ကင်ဆာရောဂါဖြစ်ပွားမှုလျှော့ချနိုင်ဖို့ သွေးလှူဒါန်းကြပါစို့။


သွေးတစ်ခါလှူရုံနဲ့ ကယ်လိုရီ ၆၅၀ခန့် လောင်ကျွမ်းစေပါတယ်။


ကျွန်ုပ်တို့ ခန္ဓာကိုယ်ဟာ သွေးလှူပြီးတဲ့နောက်မှာ သွေးရည်ကြည်ကို ၂ ရက်အတွင်း၊ သွေးထဲကပါဝင်ပစ္စည်းတွေကိုတော့ အနည်းဆုံး ၆ ပတ်အတွင်း ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။


သွေးလှူလိုက်တဲ့အခါမှာ erythropoietin လို့ ခေါ်တဲ့ ဟော်မုန်းကို ပိုမိုထုတ်လုပ်ဖို့

ခန္ဓာကိုယ်က ကျောက်ကပ်နဲ့ အသည်းကို လှုံ့ဆော်လိုက်ပါတယ်။


အဲ့အခါမှာ Bone marrow ( ရိုးတွင်းခြင်ဆီ)နဲ့ အခြားသောအင်္ဂါတွေက သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားလေးတွေကို အသီးသီးထုတ်လုပ်ပေးပါတယ်။


ဒီလိုမျိုးထုတ်လုပ်တဲ့နေရာမှာ ခန္ဓာကိုယ်က စွမ်းအင်တွေထုတ်သုံးရပါတယ်။ ဒါကြောင့် သွေးတစ်ခါလှူလိုက်ရင် အကြမ်းဖျင်းအားဖြင့် ၆၅၀ကယ်လိုရီလောက် လောင်ကျွမ်းစေပါတယ်။ ဒါဟာ တစ်နာရီစာ လေ့ကျင့်ခန်းလုပ်ရင် လောင်ကျွမ်းသွားမယ့် ကယ်လိုရီပမာဏနဲ့ ညီမျှပါတယ်။