သွေးလှူဒါန်းခြင်းကြောင့် ဘာကောင်းကျိုးတွေ ရလာနိုင်သလဲ? Part (3)

အားလုံးပဲ မင်္ဂလာပါ။


ဒီတစ်ပါတ်မှာလည်း သွေးလှူဒါန်းခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူးများကို ဆက်လက်ဖော်ပြပေးသွားပါမယ်။ သွေးလှူခြင်းဟာ မိမိ‌သွေးကို လက်ခံရရှိလိုက်တဲ့ ပုဂ္ဂိုလ်မှာသာမက မိမိကိုယ်တိုင်အတွက်လည်း အကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။


#RedRoseCampaign





5. မိမိ၏ကျန်းမာရေးအခြအနေကို စစ်ဆေးသိရှိနိုင်ခြင်း။


ကျွန်ုပ်တို့ သွေးမလှူဒါန်းခင်မှာ ကိုယ်အပူချိန်၊ သွေးဖိအားနှင့် သွေးခုန်နှုန်း တိုင်းတာခြင်း၊ သွေးထဲမှာပါဝင်တဲ့ သံဓာတ်နဲ့ သွေးရောင်ခြယ်ပစ္စည်း (Hemoglobin) ပမာဏတို့ကိုစစ်ဆေးခြင်း စတဲ့ကျန်းမာရေးစစ်ဆေးမှုလေးတွေ ပြုလုပ်ရပါတယ်။

အခုလိုစစ်ဆေးခြင်းအားဖြင့် ကျွန်ုပ်တို့ဟာ သွေးခုန်နှုန်း၊ သံဓာတ်၊ သွေးရောင်ခြယ်ပစ္စည်း(Hemoglobin) အစရှိတာတွေနဲ့သက်ဆိုင်တဲ့ ရောဂါတစ်မျိုးမျိုး ဖြစ်ပွါးနေရင် ကြိုတင်

သိရှိနိုင်ပါတယ်။ ဒီလို သိရှိခြင်းအားဖြင့် အသက်အန္တရာယ်မရှိသေးခင်မှာ အမြန်ဆုံးသက်သာပျောက်ကင်းအောင် ကာကွယ်ကုသနိုင်ကြမှာ ဖြစ်ပါတယ်။


ပျော်ရွှင်တဲ့ဘဝတစ်ခုကို

ရရှိပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုတာဟာ ရောဂါဘယကင်းရှင်းပြီး

ကိုယ်ခန္ဓာကျန်းမာသန်စွမ်းနေရန်

အင်မတန်မှ အရေးကြီးလှပါတယ်။ ဒါ့ကြောင့်

သာယာတဲ့လူနေမှုဘဝလေးပိုင်ဆိုင်နိုင်ဖို့ သွေးလှူဒါန်းပြီး မိမိကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုလေးတွေကို စောစောစီးစီးခံယူလိုက်ပါ။




6. သွေးလှူဒါန်းခြင်းဖြင့် မိမိစိတ်ချမ်းမြေ့ပျော်ရွှင်မှု ရရှိနိုင်ခြင်း။


သွေးလှူဒါန်းခြင်းဟာ ကျွန်ုပ်တို့ကိုယ်ခန္ဓာကို ကျန်းမာစေတဲ့အပြင် စိတ်ချမ်းသာမှုကိုလည်းဖြစ်ပေါ်စေပါတယ်။ သွေးလှူဒါန်းပြီးတဲ့အခါ physiologic stress hormone ဖြစ်တဲ့ cortisol နဲ့ arousal hormones တွေထွက်ပါတယ်။ ဒါ့ကြောင့် မိမိသွေးလှူဒါန်းပြီးချိန်မှာ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားပြီးတော့ အားအင်သစ်ဖြစ်ပေါ်လာသလို ခံစားရစေပါတယ်။

နောက်ပြီး သွေးလှူဒါန်းတယ်ဆိုတာ လူ့အသက်ကို ကယ်တင်ဖို့ဖြစ်တဲ့အတွက်ကြောင့် ကုသိုလ်တစ်ခုပြုလိုက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ ဒီအတွက်ကြောင့် မိမိကိုယ်တိုင်သွေးလှူဒါန်းခဲ့လို့ စိတ်ချမ်းမြေ့ပျော်ရွှင်ရသလို သွေးလိုအပ်နေသူတွေကိုယ်စား ဝမ်းသာပီတိဖြစ်ရပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့သွေးလှူဒါန်းခြင်းဖြင့် စိတ်ချမ်းသာပျော်ရွှင်မှုကို အပြည့်အဝရရှိခံစားနိုင်မှာကတော့ အသေအချာပါပဲ။


Ref: https://www.stmaryskc.com/News/2017/January/Health-benefits-of-donating-blood.aspx

https://www.rasmussen.edu/degrees/health-sciences/blog/surprising-health-benefits-of-donating-blood/

https://www.brmsonline.com/blog/wellness/healthcare/2018/benefits-of-blood-donation