သွေးလှူဒါန်းရာတွင် အရေးပါသော လူငယ်များဧ်။ အခန်းကဏ္ဍ

အားလုံးပဲ မင်္ဂလာပါ။


အမျိုးသားသွေးဌာနမှ ထုတ်ပြန်တဲ့ မှတ်တမ်းမှ COVID-19 ကာလအတွင်း သွေးလှူရှင်အရေအတွက် များပြားလာအောင် လုပ်ဆောင်တဲ့နေရာမှာ အရေးပါတဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ကောက်နှုတ်တင်ဆက်ပေးလိုက်ရပါတယ်။


အပြည့်အစုံဖတ်ရှုလိုပါက - https://www.facebook.com/236651386511930/posts/1703771033133284/?d=n


Online Booking စနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။"


“သွေးလှူဒါန်းမှုနဲ့ ပတ်သက်ရင်တော့ ယခင်လတွေမှာလိုပဲ လူငယ်များရဲ့ ထောက်ပံ့မှုဟာ ဆက်လက်တိုးတက်နေပါတယ်။


ဒီ COVID-19 ကပ်ရောဂါကာလအတွင်း သွေးထောက်ပံ့ခဲ့တဲ့ လူငယ်များရဲ့အင်အားဟာ ယခင်အချိန်တွေမှာ မတွေ့ခဲ့ရတဲ့ စံချိန်ပဲ ဖြစ်ပါတယ်။ ယခုလိုအခြေအနေမှာ လာရောက်လှူဒါန်းတဲ့အခါ အခြေအနေသစ်ကြောင့် သတ်မှတ်ချက်များစွာနဲ့ စောင့်ဆိုင်းရပေမယ့် အားလုံးက တိတ်ဆိတ် ငြိမ်သက် စိတ်ရှည်စွာ နားလည်ကူညီပေးကြတာ တွေ့ခဲ့ရပါတယ်။


ကျက်သရေရှိတဲ့နေ့လေးတွေကို သူတို့ဖန်တီးပေးခဲ့ကြပါတယ်။ လူငယ်လေးတွေရဲ့ တုန့်ပြန်မှုဟာ လူနာတွေအတွက် သွေးလိုအပ်မှုမရှိအောင် ထောက်ပံ့နိုင်တော့မယ်ဆိုတဲ့ ယုံကြည်ချက်ကို ရရှိနိုင်ဖို့ အင်အားသစ်တွေ ဖြစ်ခဲ့ပါတယ်။ လူငယ်လေးတွေကြောင့်စွမ်းအားသစ်တွေ တိုးခဲ့ရပါတယ်။”


“ယခုအခါ လူငယ်အများစု သွေးလှူဒါန်းမှုတွေမှာ ပါဝင်လာတာ ကူညီ အားဖြည့်လာပါတယ်။


လူငယ်လေးတွေထဲက တချို့က ကိုယ့်ရဲ့အိမ်မှာမနေပဲ အပေါင်းအဖော် လုပ်ဖော်ကိုင်ဖက်တွေကို အင်အားဖြည့်ဖို့ သူတို့ရဲ့ဆန္ဒအလျောက် မိမိတို့အိမ်ကို ခွဲပြီး တာဝန်အပြည့်အဝယူပေးကြတာတွေ့ရတော့ လူငယ်လေးတွေရဲ့ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ရဲတဲ့ သတ္တိတွေကို လေးစားမိပါတယ်။ လူငယ်လေးတွေရဲ့မထင်မှတ်ခဲ့တဲ့ ခံယူချက်နဲ့ လုပ်ဆောင်ချက်တွေကြောင့် အခုလိုရှည်ကြာတဲ့ကာလအတွင်းမှာ ကျေးဇူးရှင်သွေးလှူရှင်တွေအတွက် ဘေးကင်းမှုကို တာဝန်ယူသင့်သလောက် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


ဒီလို သွေးထောက်ပံ့မှုတွေရဲ့ အကျိုးဆက်အနေနဲ့ မကြန့်ကြာရပဲ ကုသမှုခံယူနိုင်ခဲ့တဲ့ လူနာများကိုယ်စား သွေးလှူရှင်များကို ကျေးဇူးဆပ်ခွင့်ရခဲ့လို့လဲ လူငယ်လေးတွေကို ကျေးဇူးတင်ရပါတယ်။”


“အခုလို တဣသိုလ်ကျောင်းသား လေးတွေ သင်ယူမှုမပြီးဆုံးခင်မှာ တွေ့ကြုံလိုက်ရတဲ့လိုအပ်ချက်ကို ဝိုင်းဝန်းကူညီပေးကြတာ အံ့မခန်းဖြစ်ရပါတယ်။


သွေးလှူဒါန်းဖို့နှိုးဆော်ပေးရုံမကပဲ သွေးလှူရှင်များတဲ့အားလပ်ရက်တွေမှာ သွေးလှူရှင်တွေစောင့်ဆိုင်းရတာကို နားလည်လက်ခံလာအောင် ယဉ်ယဉ်ကျေးကျေးစိတ်ရှည်ရှည်နဲ့ ဝိုင်းဝန်းကူညီကြပါတယ်။


လူငယ် တွေရဲ့ခံယူချက်ဟာ သာမာန်တော့မဟုတ်ပါဘူး။ လူငယ် တွေအားလုံးဟာ ထက် မြက်ကြပါတယ်။ သွက်လက်ထက်မြက်တဲ့ ကလေးတွေအနေနဲ့ ဝန်ဆောင်မှုတစ်ခုရဲ့အားနည်းချက်တွေကို မြင်နိုင်ပါတယ်။ Social Media ကနေတဆင့်လဲ ဖြန့်ဝေနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်လူငယ်လေးတွေဟာ ဒီလိုဘေးထိုင်ပြီး အပြစ်ပြောနေမယ့်အစား ပါဝင်ကူညီရင်းနဲ့ လိုအပ်ချက်တွေကို ဝိုင်းဝန်းဖြည့်ဆည်းပေးနေတာတွေ့ရတော့ လူငယ်တွေရဲ့ရင့်ကျက် မှုကို လေးစားမိပါတယ်။ ဘယ်သူမှ သိစရာမလိုပဲ အမှန်တကယ်လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေကို တိုက်တွန်းစရာမလိုပဲ ဝင်ရောက်ကူညီပေးကြတာဟာ တော်ရုံအခြေအနေမှာ လွန်စွာဖြစ်ခဲတဲ့ ဆောင်ရွက်မှုပါဘဲ။”


“ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုမဟုတ်သေးပေမယ့် အခုလိုအချိန်ကာလမှာ လူနာတွေအတွက် ထောက်ပံ့ပေးနိုင်တာဟာ လူငယ်လေးများ (သွေးလှူရှင်၊ လုပ်အားပေးစည်းရုံးပေးသူ၊ ဝန်ထမ်းများ) ရဲ့ မှန်ကန်တဲ့ ပူးပေါင်းကူညီမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။


ဒီကူညီမှုတွေဟာ နေ့သစ်တွေအတွက် အင်အားတွေဖြစ်ခဲ့ရလို့ကျေးဇူးတင်ရပါတယ်။


နောက်ဆုံးအနေနဲ့ စိတ်ရောကိုယ်ပါကျန်းမာတဲ့ လူငယ်များကို ထပ်မံနှိုးဆော်ချင်တာကတော့ အောက်တိုဘာလ မှာ လာရောက်ကူညီမယ်လို့စီစဉ်ထားတဲ့ လူငယ်လေးများ ကိုယ်တစ်ယောက်တည်းသာမက သူငယ်ချင်းတွေကိုပါ ပါဝင်ကုသိုလ်ယူခွင့်ရအောင် စည်းရုံးခေါ်ဆောင်ပေးကြပါလို့ပဲ ဖြစ်ပါတယ်။ လူငယ်အားသစ်တွေနဲ့ COVID ကပ်ရောဂါကို အတူတကွရင်ဆိုင်ကြပါစို့။”


#RedRoseCampaign

#NationalBloodCenter