သွေးလှူပြီးရင် သင်လှူလိုက်တဲ့ သွေးတွေက ဘာဖြစ်သွားလဲ?

အားလုံးပဲ မင်္ဂလာပါ။


သွေးလှူပြီးရင် ကိုယ်လှူလိုက်တဲ့ သွေးကို သွေးလိုအပ်နေတဲ့ လူနာတွေကို ပေးတဲ့အခါ အန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမှုရှိအောင် သွေးသန့်စင်တဲ့ နည်းစနစ်အဆင့်ဆင့်ကို ဖြတ်ကျော်ရပါတယ်။


ဒီလို အန္တရာယ်ကင်းအောင် စမ်းသပ်မှုပေါင်းများစွာ ပြုလုပ်တဲ့အခါမှာ အချိန်အနည်းငယ်ကြာအောင် စောင့်ရပါတယ်။ သွေးသန့်စင်တဲ့ အဆင့်တွေကို ကျော်ဖြတ်ဖို့ အချိန်မရှိပဲ ချက်ခြင်းလှူပြီး ချက်ခြင်းသွင်းလိုက်တဲ့ သွေးဟာ လုံခြုံစိတ်ချမှုရှိမယ်လို့ အာမ မခံနိုင်တဲ့အတွက်ကြောင့် အမျိုးသားသွေးဌာနမှာ နေ့စဉ် စေတနာသွေးလှူရှင်တွေ လိုအပ်နေခြင်းဖြစ်ပါတယ်။


အောက်မှာတော့ လှူဒါန်းလိုက်တဲ့ သွေးတွေ သွေးလက်ခံရရှိမယ့် လူနာတွေဆီ မရောက်ခင် ဖြတ်သန်းရတဲ့ သွေးသန့်စင်နည်း အဆင့် (၆) ဆင့်ကို ဖော်ပြလိုက်ပါတယ်။


Online Booking ဖြင့် စာရင်းပေးသွင်းနည်း အဆင့်ဆင့် - http://bit.do/rrconlinebookingprocedure


Reference : https://m.youtube.com/watch?v=fS42C1GOyvM


#RedRoseCampaign


၁။ နည်းလမ်းမှန်ကန်စွာ စနစ်တကျ ထုပ်ပိုး၍ ဓါတ်ခွဲခန်းသို့ ပို့ဆောင်ခြင်း။


PVC : PVC (Polyvinyl chloride) သည် ကမ္ဘာပေါ်တွင် တတိယ အများဆုံး ထုတ်လုပ်သည့် လူလုပ် ပလတ်စတစ်ပိုလီမာဖြစ်သည်။


၂။ သွေးရည်ကြည်၊ သွေးဥမွှား နှင့် သွေးနီဥ ဟူ၍ ခွဲထုတ်ခြင်း။


Centrifuge: Centrifuge ဆိုသည်မှာအရာဝတ္ထုတစ်ခုအား ပုံသေ ၀င်ရိုးပတ်ပတ်လည်တွင် လည်ပတ်စေသည့် စက်ကိရိယာ ဖြစ်သည်။ ၎င်းသည် အလွန်အားပြင်းသော လှည့်ချက်၏ ၀င်ရိုး နှင့် သက်ရောက်သောအားကို ထောင့်မှန် ကျစေသည်။


၃။ သွေးထဲတွင် ရောဂါပိုးရှိ၊ မရှိ သေချာစွာ စစ်ဆေးခြင်း။


၄။ သွေးရည်ကြည်၊ သွေးဥမွှား နှင့် သွေးနီဥတို့ကို သင့်တော်သော အပူချိန်တွင် သိမ်းဆည်းသိုလှောင်ထားခြင်း။


၅။ သွေးရည်ကြည်၊ သွေးဥမွှား နှင့် သွေးနီဥများကို လူနာများလက်ခံနိုင်ရန် သင့်လျော်သော အခြေအနေဖြစ်အောင် ပြင်ဆင်ပေးခြင်း။


၆။ လိုအပ်သော သွေးအမျိုးအစားအလိုက် သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခြင်း။