သွေးအုပ်စုအမျိုမျိုး

အားလုံးပဲ မင်္ဂလာပါ။


COVID-19 ဒုတိယလှိုင်းမှာ သွေးလိုအပ်တဲ့လူနာတွေ များလာတာနဲ့အမျှ သွေးလှူရှင်များကိုလည်း ပိုမိုလိုအပ်လာပါတယ်။ အထူးသဖြင့် ရှားပါးတဲ့သွေးအမျိုးအစားပိုင်ရှင် လူနာတွေအတွက် သွေးလိုအပ်မှုအခက်အခဲက ပိုကြီးပါတယ်။


အရေးပေါ် သွေးလိုအပ်လာတဲ့အခြေအနေမှာ လိုအပ်တဲ့ သွေးအမျိုးအစားသာ မရှိဘူးဆိုရင် ဘာလုပ်ကြမလဲ? COVID-19 ကာလမှာဆိုရင်ရော?


ဒီလို အခြေအနေတွေကို ဟန့်တားနိုင်အောင် စေတနာသွေးလှူရှင်တွေ ပေါ်ပေါက်လာဖို့၊ အမျိုးသားသွေးဌာနမှာ သွေးအမျိုးအစား စုံစုံလင်လင်ရှိဖို့ အရေးကြီးပါတယ်။


ဒါကြောင့် ဒီနေ့ Red Rose Campaign ကနေ သွေးအုပ်စုတွေအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


သွေးအုပ်စုကတော့ အားလုံးသိကြတဲ့အတိုင်း A, B, AB, O ဆိုပြီး သွေးအုပ်စု ၄ စုရှိပါတယ်။ သူတို့ကို ဘာကိုအခြေခံပြီး ခွဲခြားထားတာလဲဆိုရင် သွေးထဲမှာရှိတဲ့ ၁။ သွေးနီဥ (Red blood cell) ပေါ်က ပရိုတိန်း (Protein) တစ်မျိုးဖြစ်တဲ့ Antigen နဲ့ ၂။ သွေးကြည်ရည် (Plasma) ထဲမှာရှိတဲ့ ပရိုတိန်း (Protein) တစ်မျိုးဖြစ်တဲ့ Antibody အပေါ်မူတည်ပြီး ခွဲခြားထားတာဖြစ်ပါတယ်။


Online Booking စနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


မိမိအနေနဲ့ သွေးလှူချင်ရင်ပဲဖြစ်ဖြစ်၊ အရေးပေါ်အခြေအနေမှာ သွေးလိုအပ်လာခဲ့ရင်ပဲဖြစ်ဖြစ် သိသင့်တာလေးတွေ သိထားရအောင် ကိုယ့်သွေးအမျိုးအစားအလိုက် အောက်က စာအိတ်လေးတွေ ဖောက်ဖတ်ပေးပါနော်။ သင့်သူငယ်ချင်းများအတွက်လည်း အသုံးတည့်အောင် share သွားပေးပါဦး။


အကယ်၍ သင်သာ အေသွေးပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင် ဒီစာလေးကိုဖတ်ကြည့်ပါ။ သင်လှူလိုက်တဲ့သွေးဟာ ဘယ်သွေးအမျိုးအစားပိုင်ရှင်တွေဆီ ရောက်သွားမလဲ? သွေးအုပ်စု A နှင့် AB ရှိတဲ့ လူနာတွေဖြစ်ပါတယ်။ ️ ဘာတွေထပ်ပြီးသိထားရဦးမလဲ? ကိုယ်က A+ လား၊ A- လားဆိုတာသိထားရပါမယ်။ သွေးလိုအပ်နေတဲ့လူနာက A+, A-, AB+, AB- ဖြစ်နိုင်လို့ပါ။ (A+/A-/AB+/AB- ဘာတွေကွာခြားလဲဆိုတာ နောက်ပို့စ်တစ်ခုမှာဖော်ပြပေးသွားပါမယ်။) အကယ်၍ သွေးအုပ်စု A ပိုင်ရှင်က A နှင့် AB မဟုတ်တဲ့ တခြားသွေးအုပ်စုကိုပေးမိရင် ဘာတွေဖြစ်လာနိုင်ပါသလဲ? အဓိကအားဖြင့် သွေးသွင်းခံရတဲ့လူနာမှာအသက်အန္တရာယ်ရှိနိုင်တဲ့ Major reaction နှင့် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသော Minor reaction ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါဘာကြောင့်ဖြစ်ရသလဲဆိုရင် သွေးသွင်းလူနာရဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ Antibody က သွေးလှူရှင်ရဲ့ သွေးနီဥပေါ်က Antigen ကို ပြင်ပပစ္စည်း သို့မဟုတ် ရန်သူ အဖြစ်သတ်မှတ်ပြီး ဖျက်ဆီးလိုက်လို့ပဲဖြစ်ပါတယ်။ သွေးမှားသွင်းမိတဲ့ လက္ခဏာတွေကတော့ ချမ်းတုန်ဖျားတာ၊ အသက်ရှူရခက်တာ၊ ခေါင်းမူးအော့အန်ပြီး ဝမ်းဗိုက် မအီမသာဖြစ်တဲ့ Minor reaction တွေကစပြီး အသက်ဆုံးပါးသွားနိုင်တဲ့ Major reaction တွေအထိဖြစ်နိုင်ပါတယ်။ သွေးအုပ်စုကိုက်ညီရုံနဲ့ သွေးလှူဒါန်းလို့ရပြီလား? သွေးမှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ (ဥပမာ-အသည်းရောင်အသားဝါရောဂါ၊ HIV၊ AIDS) တွေရှိမရှိကို စစ်တမ်းကောက်တဲ့ ဖောင်ဖြည့်ရပါတယ်။ စစ်ဆေးပြီး ရောဂါပိုး ကင်းရှင်းရင်တော့ သင်ဟာ အမျိုးသားသွေးဌာနမှာ သွေးလှူဒါန်းလို့ ရပါပြီ။


အကယ်၍ သင်သာ ဘီသွေးပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင် ဒီစာလေးကိုဖတ်ကြည့်ပါ။ သင်လှူလိုက်တဲ့သွေးဟာ ဘယ်သွေးအမျိုးအစားပိုင်ရှင်တွေဆီ ရောက်သွားမလဲ? သွေးအုပ်စု B နှင့် AB ရှိတဲ့ လူနာတွေဖြစ်ပါတယ်။ ️ ဘာတွေထပ်ပြီးသိထားရဦးမလဲ? ကိုယ်က B+ လား၊ B- လားဆိုတာသိထားရပါမယ်။ သွေးလိုအပ်နေတဲ့လူနာက B+, B-, AB+, AB- ဖြစ်နိုင်လို့ပါ။ အကယ်၍ သွေးအုပ်စု B ပိုင်ရှင်က B နှင့် AB မဟုတ်တဲ့ တခြားသွေးအုပ်စုကိုပေးမိရင် ဘာတွေဖြစ်လာနိုင်ပါသလဲ? အဓိကအားဖြင့် သွေးသွင်းခံရတဲ့လူနာမှာအသက်အန္တရာယ်ရှိနိုင်တဲ့ Major reaction နှင့် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသော Minor reaction ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါဘာကြောင့်ဖြစ်ရသလဲဆိုရင် သွေးသွင်းလူနာရဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ Antibody က သွေးလှူရှင်ရဲ့ သွေးနီဥပေါ်က Antigen ကို ပြင်ပပစ္စည်း သို့မဟုတ် ရန်သူ အဖြစ်သတ်မှတ်ပြီး ဖျက်ဆီးလိုက်လို့ပဲဖြစ်ပါတယ်။ သွေးမှားသွင်းမိတဲ့ လက္ခဏာတွေကတော့ ချမ်းတုန်ဖျားတာ၊ အသက်ရှူရခက်တာ၊ ခေါင်းမူးအော့အန်ပြီး ဝမ်းဗိုက် မအီမသာဖြစ်တဲ့ Minor reaction တွေကစပြီး အသက်ဆုံးပါးသွားနိုင်တဲ့ Major reaction တွေအထိဖြစ်နိုင်ပါတယ်။ သွေးအုပ်စုကိုက်ညီရုံနဲ့ သွေးလှူဒါန်းလို့ရပြီလား? သွေးမှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ (ဥပမာ-အသည်းရောင်အသားဝါရောဂါ၊ HIV၊ AIDS) တွေရှိမရှိကို စစ်တမ်းကောက်တဲ့ ဖောင်ဖြည့်ရပါတယ်။ စစ်ဆေးပြီး ရောဂါပိုး ကင်းရှင်းရင်တော့ သင်ဟာ အမျိုးသားသွေးဌာနမှာ သွေးလှူဒါန်းလို့ ရပါပြီ။


အကယ်၍ သင်သာ အေဘီသွေးပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင် ဒီစာလေးကိုဖတ်ကြည့်ပါ။


သင်သာ အေဘီသွေးပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင်တော့ သင်က Universal Recipient တစ်ယောက်ပါ။ ဆိုလိုတာကတော့ သင့် ခန္ဓာကိုယ်က ဘယ်သွေးအမျိုးအစားမဆို လက်ခံနိုင်ရပါတယ်။ ️


သင်လှူလိုက်တဲ့သွေးဟာ ဘယ်သွေးအမျိုးအစားပိုင်ရှင်တွေဆီ ရောက်သွားမလဲ?

သွေးအုပ်စု AB ရှိတဲ့ လူနာတွေဖြစ်ပါတယ်။


ဘာတွေထပ်ပြီးသိထားရဦးမလဲ?

ကိုယ်က AB+ လား၊ AB- လားဆိုတာသိထားရပါမယ်။ သွေးလိုအပ်နေတဲ့လူနာက AB+, AB- ဖြစ်နိုင်လို့ပါ။


အကယ်၍ သွေးအုပ်စု AB ပိုင်ရှင်က AB မဟုတ်တဲ့ တခြားသွေးအုပ်စုကိုပေးမိရင် ဘာတွေဖြစ်လာနိုင်ပါသလဲ?

အဓိကအားဖြင့် သွေးသွင်းခံရတဲ့လူနာမှာအသက်အန္တရာယ်ရှိနိုင်တဲ့ Major reaction နှင့် ပုံမှန်ဖြစ်လေ့ဖြစ်ထရှိသော Minor reaction ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါဘာကြောင့်ဖြစ်ရသလဲဆိုရင် သွေးသွင်းလူနာရဲ့ သွေးရည်ကြည်ထဲမှာရှိတဲ့ Antibody က သွေးလှူရှင်ရဲ့ သွေးနီဥပေါ်က Antigen ကို ပြင်ပပစ္စည်း သို့မဟုတ် ရန်သူ အဖြစ်သတ်မှတ်ပြီး ဖျက်ဆီးလိုက်လို့ပဲဖြစ်ပါတယ်။ သွေးမှားသွင်းမိတဲ့ လက္ခဏာတွေကတော့ ချမ်းတုန်ဖျားတာ၊ အသက်ရှူရခက်တာ၊ ခေါင်းမူးအော့အန်ပြီး ဝမ်းဗိုက် မအီမသာဖြစ်တဲ့ Minor reaction တွေကစပြီး အသက်ဆုံးပါးသွားနိုင်တဲ့ Major reaction တွေအထိဖြစ်နိုင်ပါတယ်။


သွေးအုပ်စုကိုက်ညီရုံနဲ့ သွေးလှူဒါန်းလို့ရပြီလား?

သွေးမှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ (ဥပမာ-အသည်းရောင်အသားဝါရောဂါ၊ HIV၊ AIDS) တွေရှိမရှိကို စစ်တမ်းကောက်တဲ့ ဖောင်ဖြည့်ရပါတယ်။ စစ်ဆေးပြီး ရောဂါပိုး ကင်းရှင်းရင်တော့ သင်ဟာ အမျိုးသားသွေးဌာနမှာ သွေးလှူဒါန်းလို့ ရပါပြီ။


အကယ်၍ သင်သာ အို သွေးပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင် ဒီစာလေးကိုဖတ်ကြည့်ပါ။


သင်လှူလိုက်တဲ့သွေးဟာ ဘယ်သွေးအမျိုးအစားပိုင်ရှင်တွေဆီ ရောက်သွားမလဲ?

သွေးအုပ်စု A, B, AB, O ရှိတဲ့ လူနာတွေဖြစ်ပါတယ်။ ️️️

သင်သာ သွေးအုပ်စု O ပိုင်ရှင်ဖြစ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ Universal Donor တစ်ယောက်ပါ။ ဆိုလိုတာကတော့ ဘယ်သွေးအုပ်စုကိုမဆို သင့်သွေးကို လှူဒါန်းနိုင်ပါတယ်။ ️


ဘာတွေထပ်ပြီးသိထားရဦးမလဲ?

ကိုယ်က O+ လား၊ O- လားဆိုတာသိထားရပါမယ်။ သွေးလိုအပ်နေတဲ့လူနာက A+, A-, B+, B-, AB+, AB-, O+, O- ဖြစ်နိုင်လို့ပါ။


သွေးအုပ်စုကိုက်ညီရုံနဲ့ သွေးလှူဒါန်းလို့ရပြီလား?

သွေးမှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ (ဥပမာ-အသည်းရောင်အသားဝါရောဂါ၊ HIV၊ AIDS) တွေရှိမရှိကို စစ်တမ်းကောက်တဲ့ ဖောင်ဖြည့်ရပါတယ်။ စစ်ဆေးပြီး ရောဂါပိုး ကင်းရှင်းရင်တော့ သင်ဟာ အမျိုးသားသွေးဌာနမှာ သွေးလှူဒါန်းလို့ ရပါပြီ။


#RedRoseCampaign