"COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း Red Rose Campaign မှတစ်ဆင့် သွေးလှူဒါန်းနိုင်ပါပြီ*

သွေးလှူဒါန်းလိုပါက

www.donatebloodmyanmar.org/booking

သို့ ဝင်ရောက်၍ (သို့)

အောက်တွင် ထည့်သွင်း ထားသည့် QR Code ကို scan လုပ်ကာ အမျိုးသားသွေးဌာန ​၏ online booking website သို့ဝင်ရောက်ပါ။


Red Rose Campaign ကို ရွေးချယ်ပြီး ပုံတွင်ဖော်ပြထားသည့်အတိုင်း စာရင်းပေးသွင်းနိုင်ပါသည်။


အမျိုးသားသွေးလှူဘဏ်တွင် သွေးလှူလျှင် စိတ်သန့်သန့်၊ အန္တရာယ်ကင်းကင်းဖြင့် သွေးလှူဒါန်းနိုင်ရန်

1. online booking စနစ်ဖြင့် သွေးလှူရှင် တစ်ဦး ခြင်းစီ အတွက် သီးသန့် အချိန်တစ်ခုတွင် Appointment စီစဉ်ပေးခြင်း၊ 2. စနစ်တကျ ကျပ်မတ်ထားသော Social Distancing စည်းမျဉ်းများထားရှိခြင်း၊ 3. တစ်ခါသုံး (သို့) ပိုသတ်ပြီးသား Equipment များကိုသာအသုံးပြုခြင်း၊ 4. နှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူခြင်း၊ ခရီးသွား ရာဇဝင် ရှိကြောင်းတို့သိရှိရလျှင် သွေးလှူဒါန်းခွင့်အား *တင်းကြပ်စွာ* တားမြစ်ထားခြင်း၊ အစရှိသော အခြေခံစည်းမျည်းများ အပြင် လိုအပ်သမျှ ကာကွယ်မှုနည်းလမ်းများကို အသုံးပြုနေပြီးဖြစ်သောကြောင့် မည်သူမဆို လုံခြုံစိတ်ချစွာ လှူဒါန်းနိုင်ပြီဖြစ်ကြောင်း သိရှိစေရန်လည်း ရည်ရွယ်ပါသည်။


❗️သွေးလှူဘဏ်သို့သွားလျှင် Personal Protection အပြည့်အစုံ( mask၊ လက်အိတ်၊ လက်သန့်ဆေးရည်) ဖြင့်သွားရန် မေတ္တာရပ်ခံအပ်ပါသည်။❗️


** သွေးလာရောက်လှူဒါန်းသူများအား ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂနှင့် အမျိုးသားသွေးလှူဘဏ်မှအသိအမှတ်ပြု certificate များဖြင့် ဂုဏ်ပြုပေးပို့သွားမည်ဖြစ်ပါသောကြောင့် ပါဝင်လှူဒါန်းရန် ဖိတ်ခေါ်အပ်ပါသည်။



"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။"

#RedRoseCampaign

1 view0 comments