Digital Art Competition Blog

ယခုအခါ COVID-19 ဒုတိယလှိုင်းတွင် သွေးလှူရှင်များပိုမိုလိုအပ်လာရာ မိဘပြည်သူလူထုအား သွေးလှူဒါန်းရန်၊ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ awareness ပိုမိုတိုးပွားလာစေရန် လှုံ့ဆော်လိုသည့် ရည်ရွယ်ချက်ဖြင့် Red Rose Campaign မှ ကြီးမှူး၍ Digital Art Competition တစ်ခုကို ကျင်းပခဲ့ပါသည်။

ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲဝင်များသည် သွေးလိုအပ်နေသောလူနာများအား မိမိ၏ပန်းချီဖန်တီးမှုလက်ရာများဖြင့် အကျိုးပြုနိုင်မည့်အပြင် COVID-19 ဒုတိယလှိုင်းတွင်သာမက COVID-19 လွန်ကာလများတွင်ပါ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်များနှင့် ကလေးသူငယ်များအား မိမိတတ်ကျွမ်းသောပန်းချီလက်ရာဖြင့် ပါဝင်ကူညီခွင့်ရရှိမည်ဖြစ်ပါသည်။

ပြိုင်ပွဲရဲ့ theme ကတော့ “သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။” ဖြစ်ပါတယ်။


ပြိုင်ပွဲဝင်ရန်စာရင်းပေးသွင်းနိုင်ရန် ၁၆.၁၂.၂၀၂၀ အထိနောက်ဆုံးလက်ခံခဲ့ပါသည်။


ပေးပို့လာသော ပန်းချီလက်ရာများကို နောက်ဆုံး ၁၇.၁၂.၂၀၂၀ (ကြာသပတေးနေ့) ည ၁၂ နာရီအထိသာလက်ခံခဲ့ပါသည်။


ပေးအပ်ချီးမြင့်ခဲ့ဆုများမှာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် popularity award တို့ဖြစ်ပါသည်။


ပြိုင်ပွဲဝင်ပန်းချီလက်ရာတွေမှ like, comment & share အများဆုံးရတဲ့ ပြိုင်ပွဲဝင်တစ်ဦးကို ရွေးချယ်ပြီး most popular award ကို ဆုရရှိသူများအားကြေညာခြင်း LIVE အစီအစဉ် တွင် ဆုချီးမြှင့်ပေးသွားခဲ့ပါသည်။

Popularity Award ပြိုင်ပွဲ ကို ဒီဇင်ဘာ ၁၉ ရက်၊ စနေနေ့ တွင်စတင်ခဲ့ပြီး

ဒီဇင်ဘာ ၂၈ ရက်၊ တနင်္လာနေ့ တွင်ပြီးဆုံးခဲ့ပါသည်။


၂၈.၁၂.၂၀၂၀ (တနင်္လာနေ့) ည ၇ နာရီမှာတော့ judges တွေက Top 10 ရရှိသူတွေရဲ့ ပန်းချီလက်ရာများကို live Q&A session မှာ အကဲဖြတ်ကြေညာပေးသွားခဲ့ပါသည်။


Judges များဖြစ်သော-

၁။ Pencell Studio ၏ Co-founder and director ဖြစ်သော ကိုဉာဏ်ကျယ်စေ

၂။ Aung Thi Han’s Art Page မှ ကိုအောင်သီဟန်နှင့်

၃။ Art Village ၏ Founder & Director ဖြစ်သော မငြိမ်းစု တို့မှ Top 10 ပန်းချီလက်ရာများကိုဆွေးနွေးပေးခြင်း၊ ပန်းချီပညာနှင့် ပတ်သက်သော experience များကိုမျှဝေပေးခြင်း၊ Live တွင်မေးမြန်းလာသောမေးခွန်းများအားဖြေကြားပေးခြင်းတို့ကို ပြုပြီး ဆုချီးမြှင့်ခြင်း အစီအစဉ်အား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။



Red Rose Campaign မှ ကျင်းပပြုလုပ်သော Digital Art Competition ပြိုင်ပွဲဖြစ်မြောက်ရေးနှင့် COVID-19 တိုက်ဖျက်ရေးတို့တွင် အဖက်ဖက်မှ ပါဝင်ကူညီလှူဒါန်းပေးခဲ့သူများမှာ

1. Art Village Myanmar

2. မင်္ဂလာ ဂျုံခေါက်ဆွဲ

3. Gémeaux Advertising Design School Myanmar

4. Wall Street English Myanmar နှင့်

5. My Art Shop Myanmar

6. University of Medicine (1) Volunteer Task Force

တို့ဖြစ်ပါသည်။


2 views0 comments