*Red Rose Campaign မှ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်*

*Red Rose Campaign မှ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ မေတ္တာရပ်ခံချက်*


အားလုံးပဲ မင်္ဂလာပါ။


Red Rose Campaign သည် COVID-19 ကာလတွင် သွေးလှူဒါန်းခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာ၊ အချက်အလက်များကို တစ်နေရာတည်းတွင် စုံစုံလင်လင် သိရှိနိုင်ရန် ပညာပေးဖြန့်‌ဝေသော၊ သွေးလှူဒါန်းရာတွင် အဆင်ပြေချောမွေ့စွာ online booking ပြုလုပ်နိုင်ရန် ဝန်ဆောင်မှုပေးသော စေတနာ ပရဟိတ campaign တစ်ခု ဖြစ်ပါသည်။


သို့ဖြစ်ပါ၍ Red Rose Campaign သည် သွေးလှူရှင် နှင့် သွေးကို ရှာဖွေထောက်ပံ့ပေးသည့် အဖွဲ့အစည်းမဟုတ်ပါ။ ထို့ကြောင့် သွေးလှူရှင်များနှင့် ပတ်သက်သော အချက်အလက်များကိုလည်း သိမ်းဆည်းထားခြင်းမရှိပါ။ သို့ဖြစ်ပါ၍ သွေးအလှူခံခြင်း နှင့် မိမိ​၏ သွေးအမျိုးအစားကို Facebook page ​၏ comment section တွင်ဖြစ်စေ၊ chat box သို့ဖြစ်စေ ပေးပို့ခြင်းများကို သည်းခံပေးကြပါရန် အနူးအညွတ်မေတ္တာရပ်ခံ အပ်ပါသည် ရှင်။


Online Booking စနစ်ဖြင့် သွေးလှူလိုပါက - https://www.donatebloodmyanmar.org/booking


Online Booking ဖြင့် စာရင်းပေးသွင်းနည်း အဆင့်ဆင့် - http://bit.do/rrconlinebookingprocedure


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။" "A drop of blood for you, a hope of a lifetime for them."



#RedRoseCampaign*

0 views0 comments