Red Rose Campaign သွေးလှူဒါန်းခြင်း အသိပညာပေး video

သင်သွေးလှူဖူးပါသလား?


အချိန် ၂ စက္ကန့်လျှင် သွေးလိုအပ်နေသူတစ်ဦး အမြဲရှိနေတာကိုသင်သိပါသလား?


​သွေးလှူချင်​ပေမဲ့ COVID-19 ​ကာလကြောင့် လုံခြုံစိတ်ချမှု မရှိမှာ စိုးရိမ်​နေပါသလား?


ဤဗီဒီယိုကိုကြည့်ခြင်းဖြင့် သွေးလှူဒါန်းရာတွင် သိသင့်သည့် ဗဟုသုတနှင့် အချက်အလက်များသာမက သွေးလို​အပ်နေ​သောလူနာများအတွက် ​သွေးလှူဒါန်းခြင်း၏ အ​ရေးပါပုံများကို ရှင်းလင်းစွာ​မြင်​တွေ့နားလည်နိုင်မည်ဖြစ်ပါသည်။


ထို့အပြင် မိမိကိုယ်တိုင်သွားရောက် ​သွေးလှူဒါန်းခြင်းဖြင့် ရှေ့တန်းတွင် တာဝန်ထမ်း​ဆောင်နေသော ကျန်းမာ​ရေးဝန်ထမ်းများအား တစ်ထောင့်တစ်နေရာမှ ကူညီပံ့ပိုး​နိုင်မည်ဖြစ်ပါသည်။


ယခုအချိန်တွင် သွေးအလှူရှင်များ လုံခြုံစိတ်ချစွာလှူဒါန်းနိုင်စေရန် ​ဆေးတက္ကသိုလ် ၁ ​ကျောင်းသားသမဂ္ဂနှင့် အမျိုးသားသွေးဌာနတို့မှ ဦး​ဆောင်၍ ​"Red Rose Campaign" ဟူ​သောသွေးလှူဒါန်းခြင်း အစီအစဉ်တစ်ခုကိုဆောင်ရွက်နေပါသည်။


ဤ Red Rose Blood Donation Campaign တွင် စေတနာထက်သန်စွာဖြင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြသော တက္ကသိုလ်အသီးသီးမှ ညီအစ်ကိုမောင်နှမများ၊ ညီနောင်သမဂ္ဂ အားလုံးကိုလည်း လှိုက်လှဲစွာဖြင့် ကျေးဇူးအထူးပင် တင်ရှိအပ်ပါသည်။


Online Booking စနစ်ဖြင့် သွေးလှူလိုပါက -

https://www.donatebloodmyanmar.org/booking


Online Booking ဖြင့် စာရင်းပေးသွင်းနည်း အဆင့်ဆင့် -

http://bit.do/rrconlinebookingprocedure


"သင့်အတွက် သွေးတစ်စက်၊ သူ့အတွက် ဘဝတစ်သက်။"


"A drop of blood for you, a hope of a lifetime for them."


#RedRoseCampaign


Video Link: https://bit.ly/RedRoseBloodDonationVideo