Red Rose Campaign ၏ Project များ

Projects of Red Rose Campaign

Red Rose Campaign တွင် အဓိကအားဖြင့်
၁။ Whole Blood Donation - ပုံမှန်သွေးလှူဒါန်းခြင်း၊ နှင့်
၂။ Plasma Donation - သွေးရည်ကြည်လှူဒါန်းခြင်း တို့ကို လုပ်ဆောင်နေပါသည်။

 
Mountains in Fog

ပုံမှန်သွေးလှူဒါန်းခြင်း

Whole Blood Donation

 
blood group inheritance (1).png

အပတ်စဉ်တင်ဆက်နေသော ပညာပေးအစီအစဉ်များ

Whole Blood Donation Weekly Educational Program

သင်သွေးလှူဖူးပါသလား? ဒီ page မှာ သွေးဘယ်လိုလှူရမယ်၊ Online Booking စနစ်နဲ့ ဘယ်လိုစာရင်းပေးရမယ်၊ သွေးလှူရင် ဘာတွေသိထားရမလဲ စတဲ့ သွေးလှူဒါန်းခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးထားပါတယ်။ အသေးစိတ်သိချင်ရင် အောက်က လင့်ခ်လေးကို နှိပ်ပေးပါနော်!

IMG_0976.jpg

Digital Art ပြိုင်ပွဲကြီး

Digital Art Competition

COVID-19 ကပ်ရောဂါကာလအတွင်း စေတနာသွေးလှူရှင်များ တိုးပွါးလာစေရန်၊ မိဘပြည်သူများအား သွေးလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး awareness မြှင့်တင်ပေးနိုင်ရန်၊ လူငယ် digital artist များဧ်။ ပန်းချီအနုပညာလက်ရာများမှတစ်ဆင့် စေတနာသွေးလှူရှင်များ ပေါ်ပေါက်လာပြီး အသက်ပေါင်းများစွာ ကယ်တင်နိုင်ရန် Red Rose Campaign မှ “သင့်အတွက်သွေးတစ်စက် သူ့အတွက်ဘဝတစ်သက်”  theme ဖြင့် Digital Art Competition ပြိုင်ပွဲကြီးတစ်ခုကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

Coloring in Anime

ပညာပေးကာတွန်းစာစောင်များ

Official Educational Tools

Digital Art Competition ၏ နောက်ဆက်တွဲ project အဖြစ် အမျိုးသားသွေးဌာနနှင့် ပူးပေါင်း၍ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကလေးငယ်များနှင့် လူငယ်များဆီသို့ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်သည့် ပညာပေးကာတွန်းစာစောင်များကို တရားဝင်သင်ထောက်ကူပစ္စည်းအဖြစ် ဖြန့်ဝေပေးရန် စီစဉ်နေပါသည်။

Coming Soon
Magazine

သွေးလှူရှင်လက်စွဲစာအုပ်

Blood Donation Booklet

သွေးလှူဒါန်းခြင်းနှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတများကို လူကြီး၊ လူငယ်မရွေး လက်လှမ်းမှီအောင် ဖတ်ရှုလေ့လာနိုင်ရန် ဆိုရှယ်မီဒီယာတွင်သာဖြန့်ဝေရုံသာမက အပြင်တွင် ပညာပေးစာစောင် (physical booklet) အနေနှင့်ပါ ထုတ်ဝေနိုင်ရန် စီစဉ်နေပါသည်။ မိဘပြည်သူအပေါင်းတို့ သွေးလှူခြင်းနှင့် သက်ဆိုင်သည်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း နေရာမရွေး၊ အချိန်မရွေး ဖတ်ရှုနိုင်အောင် လုပ်ဆောင်နေပါသည်။

Coming soon

သွေးရည်ကြည်လှူဒါန်းခြင်း

Plasma Donation
COVID Convalescent Plasma Program

 
_114250940_tv063164154_edited.jpg

သွေးရည်ကြည်လှူဒါန်းခြင်းအကြောင်း အပြည့်အစုံ

All About Plasma Donation

သွေးရည်ကြည်လှူဒါန်းခြင်းဆိုင်ရာ ဆောင်းပါးများ၊ သွေးရည်ကြည်အလှူရှင်များ၏ အတွေ့အကြုံများ၊ ရင်တွင်းဖြစ်စကားသံများ၊ မလှူဒါန်းမီစာရင်းပေးသွင်းနည်းအဆင့်ဆင့် နှင့် စာသွင်းပေးသွင်းရန် အကြောင်းအရာများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်
blood group inheritance.png

Quarantine Center များရှိ အသိပညာပေးအစီအစဉ်များ

Educational Programs at Quarantine Centers

ယခုအခါတွင် သွေးရည်ကြည်လှူဒါန်းမှုနှင့် ပတ်သက်ပြီး quarantine center များတွင် ပညာပေးအစီအစဉ်များအား တိုးချဲ့လုပ်ဆောင်သွားရန် စီစဉ်နေပြီး COVID-19 ရောဂါမှ ပြန်လည်သက်သာလာသူ မိဘပြည်သူအပေါင်းအား သွေးရည်ကြည်လှူဒါန်းကာ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် အသုံးပြုနိုင်ရန် လုပ်ဆောင်လျက်ရှိပါသည်။