Booking လုပ်ဖို့ အောက်ကိုနိုပ်ပါ

 

Online Booking စနစ်ဖြင့်သွေးရည်ကြည်လှူဒါန်းပုံ အဆင့်ဆင့်ကို သိရှိလိုပါက အောက်တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။

 

အဆင့် (၁)

အပေါ်ရှိ "booking လုပ်ရန်" စာသားကိုနှိပ်၍ ပေါ်လာသောregistration form တွင် မိမိရဲ့ နာမည်၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ်၊ နေထိုင်သည့်မြို့နယ်နှင့် အီးမေးလ် စသည့် အချက်အလက်များကို ဖြည့်စွက်ပေးပါ။

 

အဆင့် (၂)

သွေးရည်ကြည်လှူဒါန်းနိုင်ရန်အတွက် ကျန်းမာရေးအခြေအနေဆန်းစစ်ရန်နှင့် လှူဒါန်းမည့်နေ့ကို စီစဉ်ပေးရန် ဆရာဝန်မှ သင့်အားဖုန်းဖြင့် ဆက်သွယ်ပါမည်။

 

အဆင့် (၃)

ထို့နောက်သင်၏ သွေးနမူနာယူ၍ လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ပါမည်။ သွေးလှူဒါန်းရမည့် နေ့ရက်နှင့်အချိန်ကို ဖုန်းဖြင့် ပြန်လည် အသိပေးပါမည်။ သွေးနမူနာစမ်းသပ်ပြီးနောက် antibody ကောင်းမွန်ပါက သွေးစစ်ပြီးချက်ချင်း နောက်ရက်တွင်လှူဒါန်းနိုင်ပါတယ်။ antibody အရေအတွက် မပြည့်သေးပါက ရက်အနည်းငယ် စောင့်ဆိုင်းရပါမယ်။ (ပုံမှန်အားဖြင့် antibody သည် ရက် ၄၀ အကြာတွင်ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။)


 

အဆင့် (၄)

လှူဒါန်းရမည့်နေ့တွင် ဆေးသုတေသနဦးစီးဌာနသို့ လာရောက်ရပါမည်။

(လိပ်စာ-အမှတ် ၅, ဇီဝကလမ်း, ဒဂုံမြို့နယ်)